[Unicode]

Realme ဟာ ပြီးခဲ့တဲ့လတုန်းက Dual-mode 5G ထောက်ပံ့ပေးနိုင်တဲ့ Realme X50 5G အကြောင်းကို တစ်စွန်းတစ်စ ထုတ်ပြသွားပါသေးတယ်။ ဒါပေမယ့် Realme အနေနဲ့ X50 5G ကို ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မယ်ဆိုတာကိုတော့ အခုထိမပြောသေးပါဘူး။

ဒါပေမယ့် ကုမ္ပဏီက Realme X50 5G မှာ ဘယ်လို Chipset သုံးထားလဲဆိုတာကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ Realme က X50 5G ဟာ Snapdragon 765G SoC နဲ့ ထွက်လာမယ်လို့ ကြေညာခဲ့တာပါ။ Snapdragon 765G 5G Chipset မကြာသေးခင်ကမှ Qualcomm Tech Summit မှာ ကြေညာခဲ့တာပါ။

Snapdragon 765G Chipset ဟာ 7nm process ပေါ်အခြေခံထားပြီး ဂိမ်းပိုင်းဆိုင်ရာစွမ်းဆောင်ရည် ပိုကောင်းစေပါတယ်။ ဒီ Chipset မှာ Snapdragon X52 5G modem ပေါင်းစပ်ထားမှာဖြစ်ပြီး 5G မှာ Download အမြန်နှုန်း 3.7Gbps နဲ့ Upload အမြန်နှုန်း1.6Gbps ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ 4G မှာတော့ Download အမြန်နှုန်း 1.2Gbps လို့ ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ ပိုစတာမှာလည်း Realme X50 5G ရဲ့ မျက်နှာပြင်ဘက်ကို မြင်တွေ့ရပြီး အရွယ်အစားကတော့ 6.44-inch ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်ဘက်အပေါ်ထောင့်မှာ Selfie ကင်မရာနှစ်လုံးကို Punch-hole နဲ့အတူတပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ 60MP Sony IMX686 image sensor တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4500mAh ပမာဏဖြစ်ပြီး VOOC 4.0 အမြန်အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းနည်းပညာလည်း ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းတုန်းက Realme CEO က ကုမ္ပဏီအနေနဲ့ ၂၀၂၀ မှာ တရုတ်နိုင်ငံဈေးကွက်ထဲကို 5G ဖုန်းတွေပဲ ဖြန့်ချိသွားမယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါကြောင့် အခုသတင်းထွက်ပေါ်လာတဲ့ Realme X50 5G ဟာလည်း တရုတ်ပြည်ဈေးကွက်အတွက်ပဲ ဖြစ်မယ်လို့ ဆိုရမှာပါ။

Ref: GSM Arena

[Zawgyi]

Snapdragon 765G SoC နဲ႔ထြက္လာမယ့္ Realme X50 5G

Realme ဟာ ၿပီးခဲ့တဲ့လတုန္းက Dual-mode 5G ေထာက္ပံ့ေပးႏိုင္တဲ့ Realme X50 5G အေၾကာင္းကို တစ္စြန္းတစ္စ ထုတ္ျပသြားပါေသးတယ္။ ဒါေပမယ့္ Realme အေနနဲ႔ X50 5G ကို ဘယ္အခ်ိန္မွာ တရားဝင္မိတ္ဆက္မယ္ဆိုတာကိုေတာ့ အခုထိမေျပာေသးပါဘူး။

ဒါေပမယ့္ ကုမၸဏီက Realme X50 5G မွာ ဘယ္လို Chipset သုံးထားလဲဆိုတာကိုေတာ့ တရားဝင္ ထုတ္ေဖာ္ေျပာဆိုလိုက္ပါၿပီ။ တ႐ုတ္လူမႈကြန္ရက္ျဖစ္တဲ့ Weibo မွာ Realme က X50 5G ဟာ Snapdragon 765G SoC နဲ႔ ထြက္လာမယ္လို႔ ေၾကညာခဲ့တာပါ။ Snapdragon 765G 5G Chipset မၾကာေသးခင္ကမွ Qualcomm Tech Summit မွာ ေၾကညာခဲ့တာပါ။

Snapdragon 765G Chipset ဟာ 7nm process ေပၚအေျခခံထားၿပီး ဂိမ္းပိုင္းဆိုင္ရာစြမ္းေဆာင္ရည္ ပိုေကာင္းေစပါတယ္။ ဒီ Chipset မွာ Snapdragon X52 5G modem ေပါင္းစပ္ထားမွာျဖစ္ၿပီး 5G မွာ Download အျမန္ႏႈန္း 3.7Gbps နဲ႔ Upload အျမန္ႏႈန္း1.6Gbps ေထာက္ပံ့ေပးႏိုင္မွာ ျဖစ္ပါတယ္။ 4G မွာေတာ့ Download အျမန္ႏႈန္း 1.2Gbps လို႔ ဆိုပါတယ္။

ထြက္ေပၚလာတဲ့ ပိုစတာမွာလည္း Realme X50 5G ရဲ႕ မ်က္ႏွာျပင္ဘက္ကို ျမင္ေတြ႕ရၿပီး အ႐ြယ္အစားကေတာ့ 6.44-inch ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဘယ္ဘက္အေပၚေထာင့္မွာ Selfie ကင္မရာႏွစ္လုံးကို Punch-hole နဲ႔အတူတပ္ဆင္ထားပါတယ္။ ေက်ာဘက္မွာေတာ့ 60MP Sony IMX686 image sensor တပ္ဆင္ထားမယ္လို႔ သိရပါတယ္။ ဘက္ထရီကေတာ့ 4500mAh ပမာဏျဖစ္ၿပီး VOOC 4.0 အျမန္အားသြင္းစနစ္နဲ႔ ႀကိဳးမဲ့အားသြင္းနည္းပညာလည္း ေထာက္ပံ့ထားတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာလဆန္းပိုင္းတုန္းက Realme CEO က ကုမၸဏီအေနနဲ႔ ၂၀၂၀ မွာ တ႐ုတ္ႏိုင္ငံေဈးကြက္ထဲကို 5G ဖုန္းေတြပဲ ျဖန႔္ခ်ိသြားမယ္လို႔ ေျပာခဲ့ပါေသးတယ္။ ဒါေၾကာင့္ အခုသတင္းထြက္ေပၚလာတဲ့ Realme X50 5G ဟာလည္း တ႐ုတ္ျပည္ေဈးကြက္အတြက္ပဲ ျဖစ္မယ္လို႔ ဆိုရမွာပါ။

Ref: GSM Arena