[Unicode]

Realme က ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို လာမယ့်လ ၇ ရက်နေ့မှာ ကြေညာတော့မှာပါ။ ကုမ္ပဏီက အဲဒီဖုန်းရဲ့ အဓိက Specs တချို့ကို အတည်ပြုထားပြီးပါပြီ။ အခုတော့ Full Specs တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်လာပါတယ်။ Realme X50 ဟာ မကြာခင်က ကြေညာထားတဲ့ Redmi K30 5G ကို လိုက်ဖိုက်မယ့် ဖုန်းပါ။

ပေါက်ကြားထွက်လာတဲ့သတင်းအရ Realme X50 5G မှာ JDI က ထုတ်တဲ့ ၆.၆၇ လက်မ IPS LCD မျက်နှာပြင် ပါလာနိုင်ပါတယ်။ Full HD+ Resolution ဖြစ်ပြီး အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ ကုမ္ပဏီက မျက်နှာပြင်မှာ Dual Punch-hole ပါမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ ပေါက်ကြားထွက်လာတဲ့ သတင်းအရ အရှေ့ ကင်မရာ ၂ လုံးက 32MP နဲ့ 8MP ဖြစ်မှာပါ။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 64MP Samsung GW1 Main , 8MP Ultrawide , 13MP Telephoto နဲ့ 2MP Super Macro တွေ ဖြစ်မှာပါ။ Main နဲ့ Ultrawide ကင်မရာတွေမှာ Image Stabilization နည်းပညာ ပါလာမှာပါ။ Snapdragon 765G မောင်းနှင်ထားပြီး 8GB RAM ပါလာမှာပါ။ 256GB UFS 2.0 Storage အထိ ရွေးချယ်နိုင်ပါတယ်။ 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ နဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။

6/128GB , 8/128GB နဲ့ 8/256GB မော်ဒယ် ၃ ခု ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး ၂,၁၉၉ ယွမ်၊ ၂,၄၉၉ ယွမ်နဲ့ ၂,၇၉၉ ယွမ် အသီးသီး သတ်မှတ်ထားမယ်လို့ သတင်းထွက်လာပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၄၆၀,၀၀၀ ၊ ၅၃၀,၀၀၀ နဲ့ ၅၉၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina

[Zawgyi]

Realme X50 ရဲ႕ Full Specs ေတြ ထြက္ေပၚလာ

Realme က ကုမၸဏီရဲ႕ ပထမဆံုး 5G ဖုန္းကို လာမယ့္လ ၇ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ ကုမၸဏီက အဲဒီဖုန္းရဲ႕ အဓိက Specs တခ်ိဳ႕ကို အတည္ျပဳထားၿပီးပါၿပီ။ အခုေတာ့ Full Specs ေတြ အြန္လိုင္းမွာ ေပါက္ၾကားထြက္လာပါတယ္။ Realme X50 ဟာ မၾကာခင္က ေၾကညာထားတဲ့ Redmi K30 5G ကို လိုက္ဖိုက္မယ့္ ဖုန္းပါ။

ေပါက္ၾကားထြက္လာတဲ့သတင္းအရ Realme X50 5G မွာ JDI က ထုတ္တဲ့ ၆.၆၇ လက္မ IPS LCD မ်က္ႏွာျပင္ ပါလာႏုိင္ပါတယ္။ Full HD+ Resolution ျဖစ္ၿပီး အေရွ႕နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ဖံုးအုပ္ထားပါတယ္။ ကုမၸဏီက မ်က္ႏွာျပင္မွာ Dual Punch-hole ပါမယ္ဆိုတာ အတည္ျပဳထားၿပီးပါၿပီ။ ေပါက္ၾကားထြက္လာတဲ့ သတင္းအရ အေရွ႕ ကင္မရာ ၂ လံုးက 32MP နဲ႔ 8MP ျဖစ္မွာပါ။

အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားၿပီး 64MP Samsung GW1 Main , 8MP Ultrawide , 13MP Telephoto နဲ႔ 2MP Super Macro ေတြ ျဖစ္မွာပါ။ Main နဲ႔ Ultrawide ကင္မရာေတြမွာ Image Stabilization နည္းပညာ ပါလာမွာပါ။ Snapdragon 765G ေမာင္းႏွင္ထားၿပီး 8GB RAM ပါလာမွာပါ။ 256GB UFS 2.0 Storage အထိ ေရြးခ်ယ္ႏုိင္ပါတယ္။ 30W Fast Charging ပါတဲ့ 4,500mAh ဘက္ထရီ နဲ႔ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားမွာပါ။

6/128GB , 8/128GB နဲ႔ 8/256GB ေမာ္ဒယ္ ၃ ခု ထုတ္လုပ္ေပးထားမွာ ျဖစ္ၿပီး ၂,၁၉၉ ယြမ္၊ ၂,၄၉၉ ယြမ္နဲ႔ ၂,၇၉၉ ယြမ္ အသီးသီး သတ္မွတ္ထားမယ္လို႔ သတင္းထြက္လာပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ ၄၆၀,၀၀၀ ၊ ၅၃၀,၀၀၀ နဲ႔ ၅၉၀,၀၀၀ ေလာက္ အသီးသီး က်သင့္မွာပါ။

Ref : gizmochina