Realme ကနေ ၂၀၂၀ အတွက် Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Realme X50 Pro 5G စမတ်ဖုန်းကို MWC 2020 Event မှာ မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း MWC ဖျက်သိမ်းသွားပြီဖြစ်တဲ့အတွက် လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာပဲ Online Event အနေနဲ့ မိတ်ဆက်သွားမှာပါ။

Realme ကနေ အခုအချိန်မှာတော့ အဆိုပါ Realme X50 Pro 5G ဖုန်းမှာ ပါဝင်လာမယ့် အဓိက Feature တစ်ခုကို အတည်ပြုလိုက်ပါပြီ။ ဒါကတော့ 65W SuperDart Fast Charging ကိုထည့်သွင်းလာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်တုန်းကထွက်ရှိခဲ့တဲ့ Realme X2 Pro ရဲ့ 50W Charging ထက်တောင် သိသိသာသာပိုပြီး မြန်ဆန်လာဖွယ်ရှိနေပါတယ်။

 

Realme ကတော့ အခု 65W SuperDart Charging နည်းပညာကို Speed of the Future ဆိုတဲ့ ခေါင်းစဥ်နဲ့ ကြော်ငြာနေတာဖြစ်ပြီး 0-100% ကို ဘယ်အချိန်အတွင်း အားသွင်းနိုင်မလဲဆိုတာကိုတော့ ဖော်ပြသွားခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိထွက်ရှိပြီးသား Flagship ဖုန်းတွေထက် ပိုပြီးအားသွင်းမြန်မှာတော့ ကျိန်းသေပါတယ်။

Realme X50 Pro 5G စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Processor ကို အသုံးပြုထားပြီး RAM 12GB ၊ 256GB Storage တွေပါဝင်လာမှာဖြစ်သလို Display ကလည်း Dual Selfie Camera ကို Punch-hole Design နဲ့ ထည့်သွင်းလာမှာဖြစ်ပါတယ်။ Dual Mode 5G ကိုလည်း Support ပြုလုပ်မှာဖြစ်တဲ့အတွက် Realme ရဲ့ စိတ်ဝင်စားစရာ Flagship ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – GSM Arena