realme ဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက Android 11 Beta Program ကို စတင်ခဲ့ပြီး realme X50 Pro 5G ဖုန်းကို အစောဆုံး Preview Version ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ realme X50 Pro 5G အသုံးပြုသူတွေအနေနဲ့ Beta Program ဝင်ရောက်စရာမလိုဘဲ Stable Android 11 Update ကို ရယူနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

Android 11 OS Update နဲ့အတူ realme UI ကိုလည်း realme UI 2.0 အနေနဲ့ ကြီးကြီးမားမားပြောင်းလဲမှုတွေပြုလုပ်ထားမှာဖြစ်ပါတယ်။ realme ရဲ့ ပြောကြားချက်အရတော့ realme UI 2.0 ဟာ Creativity ၊ Sociability နဲ့ Productivity လိုမျိုး အဓိကအချက် ၃ ချက်ကို ဦးစားပေးပြီး Update ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

realme UI 2.0 မှာ Dual Mode Music Share ၊ Subtitle Stitching ၊ Private Space ၊ Invisible Door နဲ့ Floating Window လိုမျိုး အသစ်ပါဝင်လာတဲ့ Feature တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြောင်းလဲမှုတွေအများအပြားရှိတဲ့အတွက် အသေးစိတ်ကိုတော့ အောက်ပါ Changelog မှာ ကြည့်ရှုနိုင်မှာပါ။

realme X50 Pro 5G ဖုန်းအတွက် realme UI 2.0 Stable Update ရဲ့ Firmware Number ကတော့ RMX2076PU_11.C.16 ဖြစ်တယ်လို့ သိရပြီး လောလောဆယ်မှာ လူအနည်းစုကိုပဲ ထုတ်ပေးနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသောအသုံးပြုသူတွေအကုန်လုံးအနေနဲ့ကတော့ လာမယ့်ရက်ပိုင်းမှပဲ Major Bug နဲ့ Error တွေမရှိဘူးဆိုရင် Update ထုတ်ပေးသွားမှာဖြစ်ပါတယ်။

realme ဟာ လက်ရှိအချိန်မှာ realme 7 ၊ 7 Pro စမတ်ဖုန်းတွေအတွက် Android 11 Beta Program ကိုစတင်ဆောင်ရွက်နေပြီဖြစ်သလို လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း တခြားသော realme စမတ်ဖုန်းအများအပြားကို Android 11 အခြေခံထားတဲ့ realme UI 2.0 Update ကို ထုတ်ပေးသွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။

Ref – GSM Arena