Realme က ပြီးခဲ့တဲ့လမှာ X50 Pro 5G ကို အိန္ဒိယမှာ ကြေညာခဲ့ပါတယ်။ တရုတ်မှာ မတ်လ ၁၂ ရက်နေ့ ရောင်းချတော့မှာ ဖြစ်ပြီး TENAA ရဲ့ စာရင်းအရ အိန္ဒိယမှာ မရောင်းပေးထားတဲ့ မော်ဒယ် ၁ ခုကို တရုတ်မှာ ရောင်းပေးမယ်လို့ သိရပါတယ်။

အိန္ဒိယမှာ 6GB RAM/128GB Storage , 8GB RAM/128GB Storage နဲ့ 12GB RAM/256GB Storage တွေ ရောင်းချပေးထားပါတယ်။ TENAA ရဲ့ စာရင်းအရ အဲဒီ ဖုန်းအတွက် RAM Version ၃ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး 6GB, 8GB နဲ့ 12GB RAM တွေ ဖြစ်ပါတယ်။ Storage အနေနဲ့ 128GB , 256GB နဲ့ 512GB တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် 12GB RAM/ 512GB Storage လည်း ထုတ်လုပ်ထားနိုင်ပါတယ်။

Realme X50 Pro 5G မှာ ၆.၄၄ လက်မ FHD+ Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး ကင်မရာ ၂ လုံးကို မျက်နှာပြင်ရဲ့ အထက်ဘယ်ဘက်က Punch Hole မှာ တပ်ဆင်ထားပါတယ်။ Snapdragon 865 မောင်းနှင်ထားပြီး အနောက်ဘက်မှာ 64MP Main , 12MP Telephoto (20x Hybrid Zoom) , 8MP Ultrawide နဲ့ 2MP Portrait ကင်မရာတွေ ထည့်သွင်းထားပါတယ်။ အရှေ့ ကင်မရာ ၂ လုံးက 32MP နဲ့ 8MP Ultrawide တွေ ဖြစ်ပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 65W SuperDart Fast Charging နည်းပညာ ပါတဲ့ 4,200mAh ဘက်ထရီ ပါလာပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၇,၉၉၉ ရူပီးနဲ့ တန်ဖိုး အများဆုံး မော်ဒယ်ကို ၄၄,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၉ သောင်းနဲ့ ၈ သိန်း ၂ သောင်းလောက် ရှိပါတယ်။

Ref : gizmochina