realme ကနေ နှစ်စထဲက မိတ်ဆက်ဖို့ဆိုင်းပြင်နေတဲ့ Flagship ဖုန်းဖြစ်တဲ့ realme X50 Pro 5G ကို အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ realme X50 Pro 5G ဟာ လက်ရှိစျေးအသက်သာဆုံးနဲ့ Performance အကောင်းဆုံး 5G ဖုန်းတစ်လုံးဖြစ်လာသလို တခြား Feature ပိုင်းတွေလည်း အတော်များများပါဝင်တာကို တွေ့ရပါတယ်။

အရင်ဆုံး Display အနေနဲ့ 6.44″ ရှိတဲ့ Full HD+ Super AMOLED Display ကို အသုံးပြုထားပြီး 90Hz Refresh Rate ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Realme ရဲ့ ပြောကြားချက်အရတော့ Brightness ပိုင်းအရ 1,000 Nits အထိရှိမယ့်အပြင် Color Accuracy ကလည်း 100% DCI-P3 ကိုပါ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ Under Display Fingerprint Sensor ကိုပါထည့်သွင်းထားသလို 0.27 second အတွင်း Unlock ပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။

Performance ပိုင်းအနေနဲ့ Qualcomm Snapdragon 865 Processor ကိုမှ အမြင့်ဆုံး LPDDR5 RAM 12GB နဲ့ 256GB UFS 3.0 Storage တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ realme ကနေ Read/Write Speed တွေပိုပြီး မြန်ဆန်လာအောင် TurboWrite နဲ့ Host Performance Booster လိုမျိုး Feature တွေကိုလည်း ထည့်သွင်းထားပါသေးတယ်။

Camera ပိုင်းကတော့ Quad Camera Setup ကို အသုံးပြုထားပြီး 64MP f1.8 Primary Sensor အပြင် 8MP f2.3 Ultrawide ၊ 20x Zoom အထိ ရိုက်ကူးနိုင်တဲ့ 12MP f2.5 Telephoto နဲ့ B&W f2.5 Portrait Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Video အနေနဲ့ 4K 60fps Video ကိုပဲ ရိုက်ကူးနိုင်မှာဖြစ်သလို Nightscape 3.0 Mode အသစ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။

Selfie Camera အတွက်ကတော့ 32MP Sony IMX616 Sensor အပြင် 8MP Ultrawide Camera ကိုပါ Dual Punch-hole အနေနဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။

Battery ပိုင်းမှာတော့ 4200mAh Battery ပါဝင်မှာဖြစ်ပြီးတော့ 65W SuperDart Flash Charge ကို Support ပြုလုပ်တဲ့အတွက် 0-100% အထိ အားသွင်းဖို့ကို ၃၅ မိနစ်ပဲ အချိန်ကြာမြင့်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်ပဲ realme ကနေ GaN Charger အမျိုးအစားကို တပါတည်းထည့်သွင်းပေးထားတယ်လို့လည်း သိရပါတယ်။ တခြား 18W Quick Charge/Power Delivery နဲ့ 30W VOOC 4.0 Flash Charge ကိုလည်း Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ realme X50 Pro 5G က RAM 8GB + 128GB Version ကို €599 (မြန်မာငွေ ၉ သိန်း ၄ သောင်းဝန်းကျင်) နဲ့ RAM 12GB + 256GB Version ကို €749 (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena