realme ဟာ Android 11 OS ကို အခြေခံထားတဲ့ realme UI 2.0 ကို ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ realme UI 2.0 အတွက် ပထမဆုံး Public Beta Update ကို အောက်တိုဘာလကုန်ပိုင်းမှာ စတင်ရရှိမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြောခဲ့သလိုမျိုး အောက်တိုဘာလကုန်မှာ ထုတ်မပေးခဲ့ဘဲ အခုအချိန်မှပဲ realme X50 Pro 5G စမတ်ဖုန်းအတွက် realme UI 2.0 ကို Public Beta အနေနဲ့ ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကလည်း တရုတ်နိုင်ငံတွင်းအသုံးပြုသူတွေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး ကျန်တဲ့ Region တွေအတွက်ကတော့ ဘယ်အချိန်မှာရရှိနိုင်မလဲဆိုတာကို ပြောကြားထားခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် China Version realme X50 Pro 5G ကို အသုံးပြုနေတယ်ဆိုရင် ယခု realme UI 2.0 Public Beta Version RMX2071_11_C.15 ကို Download ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ File Size အနေနဲ့ 4.07GB ရှိမှာဖြစ်ပြီး November 3, 2020 Security Patch ပါဝင်လာမယ်လို့ သိရပါတယ်။

realme UI 2.0 Public Beta Update ဟာ Android 11 OS ကို အခြေခံထားမှာဖြစ်တဲ့အတွက် Notification ပိုင်းနဲ့ Chat Bubble လိုမျိုး Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဂိမ်းဆော့ကစားနေတဲ့အချိန်မှာ Brightness Issue နဲ့ တခြားသော Wi-Fi ၊ Camera ၊ Navigation Gesture နဲ့ Call Issue တွေကိုလည်း ဖြေရှင်းထားတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

realme ဟာ နောက်ပိုင်းမှာတော့ အဆိုပါ realme UI 2.0 Update ကို တခြားသောစမတ်ဖုန်းတွေအတွက်ပါ Update ပေးသွားမှာဖြစ်ပြီး ဘယ်အချိန်မှာ Stable Update ရရှိမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

Ref – Gizmo China