Xiaomi ကနေ Mi 10 Series စမတ်ဖုန်းတွေမှာ 50W Fast Charging ကို Support ပြုလုပ်ပြီးတော့ Laptop တွေကိုပါ အားသွင်းနိုင်တဲ့ 65W Fast Charger ကို Packing ထဲမှာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရွယ်အစားပိုပြီး သေးငယ်သလို စွမ်းဆောင်ရည်ပိုကောင်းတဲ့ GaN 65W Charger ကိုတော့ တရုတ်ယွမ်ငွေ ၁၄၉ (မြန်မာငွေ ၃ သောင်းဝန်းကျင်) နဲ့ သီးသန့်ဝယ်ယူရမှာဖြစ်ပါတယ်။

GaN Charger တွေဟာ များသောအားဖြင့် ပုံမှန် Charger တွေထက်ပိုပြီး စျေးကြီးသလို အားသာချက်တွေအများအပြားဖြစ်တဲ့ တခြား Charger တွေနဲ့ယှဥ်ရင် ပိုသေးငယ်ပြီး ပေါ့ပါးတာအပြင် Efficiency ပိုကောင်းတာတွေရှိနေတာဖြစ်ပါတယ်။ ဒီလိုမျိုး GaN Charger တွေဟာ Power Output ကို 65W အထိ ထုတ်ပေးနိုင်ပြီး ပုံမှန် 2-PIN Charger အရွယ်အစားလောက်ပဲရှိနေမှာပါ။

Xiaomi ကသာ Mi 10 နဲ့ Mi 10 Pro ဖုန်းတွေမှာ အဆိုပါ GaN Charger ကို သီးသန့်ရောင်းချနေပေမယ့် Realme ကတော့ မကြာခင်မှာမိတ်ဆက်သွားမယ့် Realme X50 Pro 5G မှာ 65W GaN Charger ကို သီးသန့်ဝယ်ယူစရာလိုမှာမဟုတ်ဘဲ ဖုန်းကိုဝယ်ယူတာနဲ့ Standard အနေနဲ့ ထည့်သွင်းပေးသွားမှာဖြစ်တယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။

အဲ့ဒီအတွက် Realme X50 Pro 5G ဟာ Mi 10 Series တွေထက် ပိုကောင်းတဲ့ 65W SuperDart Fast Charging ကို Support ပြုလုပ်နိုင်တဲ့အပြင် ပါဝင်လာမယ့် Charger ကလည်း အရည်အသွေးပိုကောင်းပြီး Mi 10 Series မှာပါဝင်တဲ့ Charger ထက် အရွယ်အစားပိုသေးငယ်တဲ့ 65W GaN Charger လည်းပါဝင်လာဦးမှာပါ။ ဒါက Realme အတွက်ကတော့ Charging ပိုင်းမှာ အပြတ်အသတ်အသာရသွားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး 65W GaN Charger ကိုပါ ထည့်သွင်းပေးလာမယ့် Realme X50 Pro 5G ဟာ Mi 10 Series ဖုန်းတွေနဲ့ယှဥ်ရင် စျေးပိုကြီးလာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။ Realme X50 Pro 5G ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Online Event ကနေ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China