[Unicode]

Realme က 5G စမတ်ဖုန်း ဖြစ်တဲ့ X50 ကို ဖန်တီးနေပါတယ်။ အဲဒီ ဖုန်းမှာ Snapdragon 765G Chipset မောင်းနှင်ထားမှာပါ။ အဲဒီ Chipset ဟာ ဒီလ အစောပိုင်းက Qualcomm Summit မှာ ကြေညာခဲ့တဲ့ Chipset တွေထဲက ၁ ခုဖြစ်ပြီး 5G Modem ထည့်သွင်းထားပါတယ်။

အခုတော့ Realme China ရဲ့ ထုတ်ကုန် မန်နေဂျာ Wang Wei Derek က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Realme X50 ရဲ့ Screenshot ၁ ခုကို တင်လိုက်ပါတယ်။ “ ၁ ရက်သုံးပြီးနောက်” ဆိုတဲ့ စာသားကို ရေးသားထားပါတယ်။ Screenshot မှာ ဖုန်းရဲ့ ဘက်ထရီ သက်တမ်းက ၆၂ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ အဲဒီအတွက် နောက် ၁ ရက်လောက်ကောင်းကောင်း သုံးနိုင်ပါတယ်။

သူ ဖုန်းကိုဘယ်လို သုံးသလဲဆိုတာတော့ မပြောထားပါဘူး။ Qualcomm ရဲ့ 7 Series Chipset တွေဟာ စွမ်းအင်စားသုံးမှု သက်သာတာကြောင့် နာမည်ကြီးပြီး 7nm Process ကို ပြောင်းသုံးထားတာကြောင့် ပိုမိုက်လာပါတယ်။ Realme အရင်က ထုတ်ခဲ့တဲ့ ဖုန်းတွေဟာလည်း ဘက်ထရီ သက်တမ်း အရမ်းလန်းကြပါတယ်။

Realme X50 ရဲ့ ဓါတ်ပုံတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကုမ္ပဏီက မျှဝေခဲ့ပြီး အနောက် ကင်မရာ ၄ လုံးကို ဘယ်ဘက်ထိပ်မှာ တပ်ဆင်ထားတာ မြင်ရပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ ၆.၆ လက်မ LCD မျက်နှာပြင်နဲ့ VOOC 3.0 အားသွင်း နည်းပညာတွေ ပါလာနိုင်ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကြေညာတော့မှာပါ။

Ref : gsmarena

[Zawgyi]

Realme X50 5G ရဲ႕ ဘက္ထရီသက္တမ္းကို Realme ထုတ္ႂကြား

Realme က 5G စမတ္ဖုန္း ျဖစ္တဲ့ X50 ကို ဖန္တီးေနပါတယ္။ အဲဒီ ဖုန္းမွာ Snapdragon 765G Chipset ေမာင္းႏွင္ထားမွာပါ။ အဲဒီ Chipset ဟာ ဒီလ အေစာပိုင္းက Qualcomm Summit မွာ ေၾကညာခဲ့တဲ့ Chipset ေတြထဲက ၁ ခုျဖစ္ၿပီး 5G Modem ထည့္သြင္းထားပါတယ္။

အခုေတာ့ Realme China ရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ Wang Wei Derek က တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ Realme X50 ရဲ႕ Screenshot ၁ ခုကို တင္လိုက္ပါတယ္။ “ ၁ ရက္သံုးၿပီးေနာက္” ဆိုတဲ့ စာသားကို ေရးသားထားပါတယ္။ Screenshot မွာ ဖုန္းရဲ႕ ဘက္ထရီ သက္တမ္းက ၆၂ ရာခုိင္ႏႈန္း က်န္ပါေသးတယ္။ အဲဒီအတြက္ ေနာက္ ၁ ရက္ေလာက္ေကာင္းေကာင္း သံုးႏုိင္ပါတယ္။

သူ ဖုန္းကိုဘယ္လို သံုးသလဲဆိုတာေတာ့ မေျပာထားပါဘူး။ Qualcomm ရဲ႕ 7 Series Chipset ေတြဟာ စြမ္းအင္စားသံုးမႈ သက္သာတာေၾကာင့္ နာမည္ႀကီးၿပီး 7nm Process ကို ေျပာင္းသံုးထားတာေၾကာင့္ ပိုမိုက္လာပါတယ္။ Realme အရင္က ထုတ္ခဲ့တဲ့ ဖုန္းေတြဟာလည္း ဘက္ထရီ သက္တမ္း အရမ္းလန္းၾကပါတယ္။

Realme X50 ရဲ႕ ဓါတ္ပံုေတြကို ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ကုမၸဏီက မွ်ေ၀ခဲ့ၿပီး အေနာက္ ကင္မရာ ၄ လံုးကို ဘယ္ဘက္ထိပ္မွာ တပ္ဆင္ထားတာ ျမင္ရပါတယ္။ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမယ္လို႔ ထင္ရပါတယ္။ ၆.၆ လက္မ LCD မ်က္ႏွာျပင္နဲ႔ VOOC 3.0 အားသြင္း နည္းပညာေတြ ပါလာႏုိင္ပါတယ္။ ဇန္န၀ါရီလ ၇ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။

Ref : gsmarena