realme ကနေ အခုအချိန်မှာ Flagship စမတ်ဖုန်းတစ်လုံးအနေနဲ့ realme X50 5G ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရတာ မကြာခင်မှာ စျေးပိုသက်သာတဲ့ 5G ဖုန်းဖြစ်လာမယ့် realme X50 Youth Edition ကိုပါ မိတ်ဆက်သွားမယ့်ပုံစံပါပဲ။

realme X50 Youth စမတ်ဖုန်းနဲ့ ပတ်သက်တဲ့သတင်းတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဝန်းကျင်ထဲက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ China 3C Agency မှာပါ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ 3C Listing အရ realme X50 Youth စမတ်ဖုန်းရဲ့ Model Number ကို RMX2052 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

realme X50 Youth Edition ဖုန်းဟာ အခုသိရတဲ့သတင်းတွေအရ 5G Connectivity အပြင် 30W (5V 6A) Fast Charging ကိုပါ Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကျန်တဲ့သတင်းတွေကိုတော့ အတိအကျမသိရှိရသေးပေမယ့် realme X50 Youth Edition ဖုန်းဟာ X50 5G လိုမျိုးပဲ 6.57″ IPS Display နဲ့ Punch-hole Selfie Camera ၊ Triple Camera Setup တွေပါဝင်လာနိုင်ပါတယ်။

realme အနေနဲ့ အဆိုပါ X50 Youth Edition ဖုန်းကို ဘယ်အချိန်မှာ မိတ်ဆက်လာမလဲဆိုတာကတော့ တရားဝင်မကြေညာသေးပေမယ့် အခုပုံစံအတိုင်းဆိုရင်တော့ လာမယ့်ရက်သတ္တပတ်ပိုင်းအတွင်း သိရှိလာနိုင်ပါတယ်။

Ref – GSM Arena