Realme ရဲ့ X50 စမတ်ဖုန်းစီးရီးမှာ စမတ်ဖုန်းလေးမျိုးတောင် ပါဝင်ပေမယ့် ပဉ္စမမြောက်အဖွဲ့ဝင် X50t 5G ကို ထပ်မံမိတ်ဆက်လာဦးမှာပါ။ Realme X50t 5G ဟာ တရုတ်ပြည်တွင်းမှာ အတည်ပြုချက် အတော်များများရယူပြီးဖြစ်ကာ ယနေ့မှာ Google Play Console ပလက်ဖောင်းပေါ်ကိုပါ အလည်ရောက်လာခဲ့ပါတယ်။

Google Play Console ပေါ်က စာရင်းအရတော့ X50t စမတ်ဖုန်းမှာ Snapdragon 765 ချစ်ပ်ဆက်၊ 6GB RAM မန်မိုရီ၊ Android 10 နဲ့ FullHD+ Display တစ်ခုတို့ ပါဝင်မှာပါ။ သူ့ရဲ့စာရင်းက ဒီမှာရပ်သွားပေမယ့် 3C အတည်ပြုချက်အရ 30W အားသွင်းစနစ်ပါလာမယ်ဆိုတာလည်း သိထားရပါတယ်။

Realme ကတော့ X50t 5G ဖုန်းနဲ့ပတ်သက်ပြီး ဘာမှမပြောရသေးပေမယ့် သူ့ရဲ့မော်ဒယ်နံပါတ် RMX2052 ဟာ TENAA ပေါ်ရောက်ခဲ့ပြီးဖြစ်လို့ Specs နဲ့ ဒီဇိုင်းတော်တော်များများကို သိထားရပါပြီ။

X50t 5G ဟာ 6.57” LCD Display နဲ့ဖြစ်ပြီး 120Hz Refresh Rate ပါဝင်မှာပါ။ Android 10 နဲ့ စတင်အသုံးပြုရပြီး မန်မိုရီက အမြင့်ဆုံး 12GB RAM / 256GB Storage ထိ ရှိမှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ နောက်ဘက်မှာ 48MP + 8MP + 2MP + 2MP ကင်မရာနဲ့ ရှေ့ဘက် 16MP + 2MP ဆဲလ်ဖီးကင်မရာတွေ ပါဝင်မှာပါ။ Realme X50t 5G ဟာ Fingerprint ကို ဘေးဘက်မှာထည့်သွင်းလာပြီး ဘက္ထရီပမာဏက 4,100 mAh လို့ သိရပါတယ်။

Ref – GSMArena