realme X7 Series ကို စက်တင်ဘာလ ၁ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး X7 Pro နဲ့ X7 တို့ ပါလာနိုင်ပါတယ်။ realme က X7 Series မှာ AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်ထားမယ်လို့ အတည်ပြုထားပါတယ်။ realme ဟာ အရင်က 120Hz ဖုန်းတွေမှာ LCD ပဲ ထည့်ထားတဲ့အတွက် AMOLED နဲ့ တွဲဖက်ထားတာ ဒါပထမဆုံး ဖြစ်လာမှာပါ။

အခုတော့ ကုမ္ပဏီက X7 Series ရဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေကို ပိုမို မျှဝေလိုက်ပြီး Punch Hole နဲ့ 1200 Nits Brightness ပါမယ်လို့ သိရပါတယ်။ Intelligent Brightness Adjustment က 4096 Level ရှိမှာပါ။ X2 Pro နဲ့ X50 Pro 5G တို့လို စွမ်းရည်မြင့် ဖုန်းတွေမှာ အမြင့်ဆုံး အနေနဲ့ 1000nits ပဲ ပါတဲ့အတွက် X7 Series ဟာ Brightness အမြင့်ဆုံး realme ဖုန်းတွေ ဖြစ်လာမှာပါ။

realme က X7 Series ရဲ့ တခြား Specs တွေကို မပြောသေးပေမယ့် X7 Pro ကို TENAA မှာ Specs အပြည့်အစုံ၊ ဓါတ်ပုံနဲ့တကွ မကြာခင်က တွေ့ခဲ့ရပါတယ်။ ၆.၅၅ လက်မ FullHD+ မျက်နှာပြင်နဲ့ 2.6GHz Octa-core Processor ပါမယ်လို့ ဖော်ပြထားပြီး Dimensity 1000+ SoC ဖြစ်နိုင်ပါတယ်။

X7 Pro မှာ Android  10 ပါလာမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ အရှေ့ဘက်မှာ 32MP ကင်မရာနဲ့ အနောက်ဘက်မှာ 64MP Main , 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံး ပါလာမှာပါ။ 65W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်ထားမှာပါ။

Ref : gsmarena