[Zawgyi]

အိႏၵိယမွာ Realme XT ကို ေၾကညာတဲ့ပြဲမွာ ကုမၸဏီရဲ႕ စီအီးအုိ Madhav Sehth က ေနာက္ထုတ္မယ့္ စမတ္ဖုန္း အေၾကာင္းကို အနည္းငယ္ေျပာသြားခဲ့ပါတယ္။ အဲဒါကေတာ့ Realme XT 730G ျဖစ္ၿပီး Realme XT ကို အဆင့္ျမွင့္ထားတဲ့ ေမာ္ဒယ္ ျဖစ္ပါတယ္။ နာမည္အတိုင္းပဲ Realme XT 730G မွာ Snapdragon 730G Octa-core Processor ပါလာမွာျဖစ္ၿပီး ဂိမ္းအသားေပး စမတ္ဖုန္းေတြအတြက္ ထုတ္ထားတာပါ။

ကုမၸဏီက အဲဒီ စမတ္ဖုန္းမွာ 30W VOOC Flash Charge ပါတဲ့ 4,000mAh Battery ထည့္ထားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ Realme XT မွာေတာ့ 20W Fast Charging သာ ပါပါတယ္။ TENAA က စာရင္းအရ Realme XT 730G မွာ 32MP Front Camera ပါလာမွာ ျဖစ္ၿပီး Pop-up Design လားဆိုတာ မသိရေသးပါဘူး။

အဲဒါေတြကလြဲၿပီး အျခား Specs ေတြက Realme XT နဲ႔ တူညီမွာပါ။ အဲဒီအတြက္ Realme XT 730G မွာ ၆.၄ လက္မ Full HD+ AMOLED Display ပါလာမွာ ျဖစ္ၿပီး Gorilla Glass 5 နဲ႔ ကာကြယ္ထားမွာပါ။ 8GB RAM နဲ႔ 128GB Storage အထိ ေရြးခ်ယ္ႏုိင္မွာပါ။ အေနာက္ဘက္မွာ 64MP Samsung ISOCELL Bright GW1 Main Sensor , 8MP 119 Degree Ultra-wide-angle Lens, 2MP Depth Sensor နဲ႔ 2MP Macro Sensor ေတြ ထည့္သြင္းထားမွာပါ။

Realme XT 730G မွာ ထည့္ထားမယ့္ OS အေၾကာင္းကိုေတာ့ မသိရေသးေပမယ့္ Android 10 အေျချပဳ RealmeOS ျဖစ္ႏုိင္ပါတယ္။  ဒီဇင္ဘာလမွာ အဲဒီ စမတ္ဖုန္းကို အိႏၵိယမွာ ေၾကညာေတာ့မွာပါ။

Ref : gizmochina

[Unicode]

Realme XT 730G ကို ဒီဇင်ဘာလမှာ ကြေညာမည်

အိန္ဒိယမှာ Realme XT ကို ကြေညာတဲ့ပွဲမှာ ကုမ္ပဏီရဲ့ စီအီးအို Madhav Sehth က နောက်ထုတ်မယ့် စမတ်ဖုန်း အကြောင်းကို အနည်းငယ်ပြောသွားခဲ့ပါတယ်။ အဲဒါကတော့ Realme XT 730G ဖြစ်ပြီး Realme XT ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ Realme XT 730G မှာ Snapdragon 730G Octa-core Processor ပါလာမှာဖြစ်ပြီး ဂိမ်းအသားပေး စမတ်ဖုန်းတွေအတွက် ထုတ်ထားတာပါ။

ကုမ္ပဏီက အဲဒီ စမတ်ဖုန်းမှာ 30W VOOC Flash Charge ပါတဲ့ 4,000mAh Battery ထည့်ထားမယ်လို့ အတည်ပြုခဲ့ပါတယ်။ Realme XT မှာတော့ 20W Fast Charging သာ ပါပါတယ်။ TENAA က စာရင်းအရ Realme XT 730G မှာ 32MP Front Camera ပါလာမှာ ဖြစ်ပြီး Pop-up Design လားဆိုတာ မသိရသေးပါဘူး။

အဲဒါတွေကလွဲပြီး အခြား Specs တွေက Realme XT နဲ့ တူညီမှာပါ။ အဲဒီအတွက် Realme XT 730G မှာ ၆.၄ လက်မ Full HD+ AMOLED Display ပါလာမှာ ဖြစ်ပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားမှာပါ။ 8GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်မှာပါ။ အနောက်ဘက်မှာ 64MP Samsung ISOCELL Bright GW1 Main Sensor , 8MP 119 Degree Ultra-wide-angle Lens, 2MP Depth Sensor နဲ့ 2MP Macro Sensor တွေ ထည့်သွင်းထားမှာပါ။

Realme XT 730G မှာ ထည့်ထားမယ့် OS အကြောင်းကိုတော့ မသိရသေးပေမယ့် Android 10 အခြေပြု RealmeOS ဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာလမှာ အဲဒီ စမတ်ဖုန်းကို အိန္ဒိယမှာ ကြေညာတော့မှာပါ။

Ref : gizmochina