[Unicode]

realme XT က ၄၅၉,၉ဝဝ ကျပ်နှင့် realme Buds Wireless က ၄ဝ,ဝဝဝ ကျပ်အသီးသီးကျသင့်မည်။

realme Myanmar က realme XT စမတ်ဖုန်းသစ်နှင့် realme Buds Wireless ကြိုးမဲ့နားကြပ်တို့ကို နိုဝင်ဘာလ (၂၇)ရက်၊ ရန်ကုန်မြို့ Lotte Hotel တွင် တရားဝင်မိတ်ဆက်ကြေညာပေးလိုက်ပြီဖြစ်သည်။ realme XT မှာ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက်တရားဝင်မိတ်ဆက်ပေးလိုက်သည့် realme Myanmar ၏ ပထမဆုံး 64MP Quad Camera Xpert စမတ်ဖုန်းဖြစ်ပြီး ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများကိုပိုမိုတိုးမြင့်ရရှိစေမည့် Hardware နှင့် Software များပေါင်းစပ်ပေးထားခြင်းဖြစ်သည်။

realme XT အတွက် 8GB RAM+128GB ROM version တစ်မျိုးတည်းကို ဈေးနှုန်း ၄၅၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်ပြီး Pearl White နှင့် Pearl Blue အရောင်၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ 6.4-inch မျက်နှာပြင်တွင် သာလွန်ကောင်းမွန်သည့် Super AMOLED Dewdrop Full Screen ကို အသုံးပြုပေးထားပြီး ဖုန်းမျက်နှာပြင်နှင့်ကိုယ်ထည်အချိုးအစားမှာ 91.9% အထိရှိသည့်အတွက် ပိုမိုကြီးမားကျယ်ပြန့်သည့် မြင်ကွင်းအတွေ့အကြုံကို အပြည့်အဝရရှိစေမည်ဖြစ်သည်။

realme XT ၏ unlocking စနစ်အတွက် လက်ရှိဈေးကွက်တွင်အမြန်ဆုံး in-display fingerprint နည်းပညာတစ်ခုဖြစ်သည့် Goodix G3.0 ကိုအသုံးပြုပေးထားသည့်တွက် တစ်စက္ကန့်၏ ၃ပုံတစ်ပုံဝန်းကျင်တွင် ဖုန်းကို unlock လုပ်ဖွင့်ပေးနိုင်စေမည်ဖြစ်သလို လုံခြုံရေးအတွက်လည်း ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ realme XT တွင် 64MP ပင်မကင်မရာနှင့်အတူ ၁၁၉ဒီဂရီအထိမြင်ကွင်းကျယ်ရိုက်ယူနိုင်စေမည့် 8MP Ultra Wide-angle Lens၊ အနုစိပ်ပုံများကို ၄စင်တီမီတာအကွာကရိုက်ယူနိုင်စေမည့် 2MP Macro Lens၊ Retro Style Portrait များကိုဖန်တီးနိုင်စေမည့် 2MP Depth-sensor Lens တို့ကိုပါတပ်ဆင်ပေးထားသည်။ ရှေ့ဘက် Selfie ကင်မရာအတွက် Sony IMX 471 sensor ကိုတပ်ဆင်ပေးထားသည့် 16MP အရည်အသွေးဓာတ်ပုံကောင်းများကို စိတ်တိုင်းကျရိုက်ယူနိုင်စေမည်ဖြစ်သည်။ realme XT တွင် 4000mAh battery နှင့်အတူ အားသွင်းမြန်ဆန်သည့် 20W VOOC Flash Charge 3.0 စနစ်ကိုထောက်ပံ့ထားသည့်အတွက် နာရီဝက်အားသွင်းရုံဖြင့် battery 50% အထိအားဝင်စေသလို ဂိမ်းကစားနေစဉ်အတွင်းအားသွင်းပါ ကလည်း တစ်နာရီအတွင်း 43% အထိအားဝင်စေဦးမည်ဖြစ်သည်။ စွမ်ဆောင်ရည်ပိုင်းတွက် Snapdragon 712 AIE (Third Generation) processor ကိုအသုံးပြုပေးထားပြီး octa-core 2.3GHz နှုန်းအထိအလုပ်လုပ် ပေးနိုင်မည်ဖြစ်သည်။

realme XT နှင့်အတူ မြန်မာပြည်ဈေးကွက်အတွက် ပထမဆုံး accessory တစ်ခုဖြစ်သည့် realme Buds Wireless ကြိုးမဲ့နားကြပ်ကိုပါမိတ်ဆက်ပေးခဲ့ပြီး လွယ်ကူရိုးရှင်းစွာဖြင့်အသုံးပြုနိုင်မည့် design နှင့်အတူ အသံအရည်အသွေးပြည့်ဝမှုကိုပါ ခံစားရစေမည်ဖြစ်သည်။ Magnetic Control စနစ်ဖြစ်သည့်အတွက် device တစ်ခုခုနှင့်ချိတ်ဆက်ထားချိန်တွင် Buds ၏ခေါင်း၂ခုကို အလိုက်သင့်ပူးကပ်လိုက်ပါက Bluetooth ချိတ်ဆက်မှုကို အလိုအလျောက် Disconnect လုပ်ဆောင်ပေးမည်ဖြစ်သည့်အတွက် Battery အားအသုံးပြုမှုကို သက်သာစေသည့်အပြင် ပြန်လည် ခွာလိုက်ပါက မူလချိတ်ဆက်ထားသည့် device နှင့် အလိုအလျောက်ပြန်လည်ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။

DJ Music ပညာရှင် Alan Walker နှင့် လက်တွဲပူးပေါင်းထားသည့် realme Buds Wirless ၏ battery life မှာ ၁ဝမိနစ် အားသွင်းရုံဖြင့် မိနစ် ၁ဝဝ အထိနားထောင်နိုင်စေပြီး ၇၂မိနစ်ကြာ အားအပြည့်သွင်းထားပါက ၁၂နာရီအထိဆက်တိုက်နားထောင်နိုင်စေမည်ဖြစ်သည်။ အားကစားသမားများအသုံးပြုပါကလည်း ချွေးစိုမှုဒဏ်ကိုခံနိုင်စေမည့် IPX4 (Splash Resistance) စနစ်ပါဝင်ပြီး အဆင့်မြင့် Bluetooth 5.0 စနစ်ကိုထည့်သွင်းပေးထားခြင်းဖြစ်ကာ ရိုးရှင်းလွယ်ကူသည့် ခလုပ် ၃ခုနှင့် ထိန်းချုပ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အရောင်အနေဖြင့် Yellow, Green, Orange ၃မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်း ၄ဝ,ဝဝဝ ကျပ်ဖြင့် လာမည့် ဒီဇင်ဘာလ အစောပိုင်းတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ realme Buds Wireless အတွက် တစ်နှစ်အာမခံပေးထားပြီး User Fault မဟုတ်သည့် Factory Fault အတွက် တာဝန်ယူလုပ်ဆောင်ပေးသွားမည်ဟုလည်း သိရှိရသည်။

[Zawgyi]

realme XT နဲ႔ realme Buds Wireless ႀကိဳးမဲ့နားၾကပ္တို႔ကို ျမန္မာႏိုင္ငံမွာ မိတ္ဆက္ေၾကညာ

realme XT က ၄၅၉,၉ဝဝ က်ပ္ႏွင့္ realme Buds Wireless က ၄ဝ,ဝဝဝ က်ပ္အသီးသီးက်သင့္မည္။

realme Myanmar က realme XT စမတ္ဖုန္းသစ္ႏွင့္ realme Buds Wireless ႀကိဳးမဲ့နားၾကပ္တို႔ကို ႏိုဝင္ဘာလ (၂၇)ရက္၊ ရန္ကုန္ၿမိဳ႕ Lotte Hotel တြင္ တရားဝင္မိတ္ဆက္ေၾကညာေပးလိုက္ၿပီျဖစ္သည္။ realme XT မွာ ျမန္မာျပည္မိုဘိုင္းေဈးကြက္အတြက္တရားဝင္မိတ္ဆက္ေပးလိုက္သည့္ realme Myanmar ၏ ပထမဆုံး 64MP Quad Camera Xpert စမတ္ဖုန္းျဖစ္ၿပီး ဓာတ္ပုံ႐ိုက္ကူးမႈအေတြ႕အႀကဳံမ်ားကိုပိုမိုတိုးျမင့္ရရွိေစမည့္ Hardware ႏွင့္ Software မ်ားေပါင္းစပ္ေပးထားျခင္းျဖစ္သည္။

realme XT အတြက္ 8GB RAM+128GB ROM version တစ္မ်ိဳးတည္းကို ေဈးႏႈန္း ၄၅၉,၉ဝဝ က်ပ္ျဖင့္ေရာင္းခ်ေပးမည္ျဖစ္ၿပီး Pearl White ႏွင့္ Pearl Blue အေရာင္၂မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။ 6.4-inch မ်က္ႏွာျပင္တြင္ သာလြန္ေကာင္းမြန္သည့္ Super AMOLED Dewdrop Full Screen ကို အသုံးျပဳေပးထားၿပီး ဖုန္းမ်က္ႏွာျပင္ႏွင့္ကိုယ္ထည္အခ်ိဳးအစားမွာ 91.9% အထိရွိသည့္အတြက္ ပိုမိုႀကီးမားက်ယ္ျပန႔္သည့္ ျမင္ကြင္းအေတြ႕အႀကဳံကို အျပည့္အဝရရွိေစမည္ျဖစ္သည္။

realme XT ၏ unlocking စနစ္အတြက္ လက္ရွိေဈးကြက္တြင္အျမန္ဆုံး in-display fingerprint နည္းပညာတစ္ခုျဖစ္သည့္ Goodix G3.0 ကိုအသုံးျပဳေပးထားသည့္တြက္ တစ္စကၠန႔္၏ ၃ပုံတစ္ပုံဝန္းက်င္တြင္ ဖုန္းကို unlock လုပ္ဖြင့္ေပးႏိုင္ေစမည္ျဖစ္သလို လုံၿခဳံေရးအတြက္လည္း ပိုမိုေကာင္းမြန္ေစမည္ျဖစ္သည္။ realme XT တြင္ 64MP ပင္မကင္မရာႏွင့္အတူ ၁၁၉ဒီဂရီအထိျမင္ကြင္းက်ယ္႐ိုက္ယူႏိုင္ေစမည့္ 8MP Ultra Wide-angle Lens၊ အႏုစိပ္ပုံမ်ားကို ၄စင္တီမီတာအကြာက႐ိုက္ယူႏိုင္ေစမည့္ 2MP Macro Lens၊ Retro Style Portrait မ်ားကိုဖန္တီးႏိုင္ေစမည့္ 2MP Depth-sensor Lens တို႔ကိုပါတပ္ဆင္ေပးထားသည္။ ေရွ႕ဘက္ Selfie ကင္မရာအတြက္ Sony IMX 471 sensor ကိုတပ္ဆင္ေပးထားသည့္ 16MP အရည္အေသြးဓာတ္ပုံေကာင္းမ်ားကို စိတ္တိုင္းက်႐ိုက္ယူႏိုင္ေစမည္ျဖစ္သည္။ realme XT တြင္ 4000mAh battery ႏွင့္အတူ အားသြင္းျမန္ဆန္သည့္ 20W VOOC Flash Charge 3.0 စနစ္ကိုေထာက္ပံ့ထားသည့္အတြက္ နာရီဝက္အားသြင္း႐ုံျဖင့္ battery 50% အထိအားဝင္ေစသလို ဂိမ္းကစားေနစဥ္အတြင္းအားသြင္းပါ ကလည္း တစ္နာရီအတြင္း 43% အထိအားဝင္ေစဦးမည္ျဖစ္သည္။ စြမ္ေဆာင္ရည္ပိုင္းတြက္ Snapdragon 712 AIE (Third Generation) processor ကိုအသုံးျပဳေပးထားၿပီး octa-core 2.3GHz ႏႈန္းအထိအလုပ္လုပ္ ေပးႏိုင္မည္ျဖစ္သည္။

realme XT ႏွင့္အတူ ျမန္မာျပည္ေဈးကြက္အတြက္ ပထမဆုံး accessory တစ္ခုျဖစ္သည့္ realme Buds Wireless ႀကိဳးမဲ့နားၾကပ္ကိုပါမိတ္ဆက္ေပးခဲ့ၿပီး လြယ္ကူ႐ိုးရွင္းစြာျဖင့္အသုံးျပဳႏိုင္မည့္ design ႏွင့္အတူ အသံအရည္အေသြးျပည့္ဝမႈကိုပါ ခံစားရေစမည္ျဖစ္သည္။ Magnetic Control စနစ္ျဖစ္သည့္အတြက္ device တစ္ခုခုႏွင့္ခ်ိတ္ဆက္ထားခ်ိန္တြင္ Buds ၏ေခါင္း၂ခုကို အလိုက္သင့္ပူးကပ္လိုက္ပါက Bluetooth ခ်ိတ္ဆက္မႈကို အလိုအေလ်ာက္ Disconnect လုပ္ေဆာင္ေပးမည္ျဖစ္သည့္အတြက္ Battery အားအသုံးျပဳမႈကို သက္သာေစသည့္အျပင္ ျပန္လည္ ခြာလိုက္ပါက မူလခ်ိတ္ဆက္ထားသည့္ device ႏွင့္ အလိုအေလ်ာက္ျပန္လည္ခ်ိတ္ဆက္ေပးသြားမည္ျဖစ္သည္။

DJ Music ပညာရွင္ Alan Walker ႏွင့္ လက္တြဲပူးေပါင္းထားသည့္ realme Buds Wirless ၏ battery life မွာ ၁ဝမိနစ္ အားသြင္း႐ုံျဖင့္ မိနစ္ ၁ဝဝ အထိနားေထာင္ႏိုင္ေစၿပီး ၇၂မိနစ္ၾကာ အားအျပည့္သြင္းထားပါက ၁၂နာရီအထိဆက္တိုက္နားေထာင္ႏိုင္ေစမည္ျဖစ္သည္။ အားကစားသမားမ်ားအသုံးျပဳပါကလည္း ေခြၽးစိုမႈဒဏ္ကိုခံႏိုင္ေစမည့္ IPX4 (Splash Resistance) စနစ္ပါဝင္ၿပီး အဆင့္ျမင့္ Bluetooth 5.0 စနစ္ကိုထည့္သြင္းေပးထားျခင္းျဖစ္ကာ ႐ိုးရွင္းလြယ္ကူသည့္ ခလုပ္ ၃ခုႏွင့္ ထိန္းခ်ဳပ္လုပ္ေဆာင္ႏိုင္မည္ျဖစ္သည္။

အေရာင္အေနျဖင့္ Yellow, Green, Orange ၃မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္ၿပီး ေဈးႏႈန္း ၄ဝ,ဝဝဝ က်ပ္ျဖင့္ လာမည့္ ဒီဇင္ဘာလ အေစာပိုင္းတြင္ စတင္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။ realme Buds Wireless အတြက္ တစ္ႏွစ္အာမခံေပးထားၿပီး User Fault မဟုတ္သည့္ Factory Fault အတြက္ တာဝန္ယူလုပ္ေဆာင္ေပးသြားမည္ဟုလည္း သိရွိရသည္။