[Zawgyi]

Realme ရဲ႕ ေနာက္ထပ္မိုဘိုင္းထုတ္ကုန္သစ္ျဖစ္တဲ့ Realme 3 အေနနဲ႔ ႏိုင္ငံတကာေဈးကြက္မ်ားတြင္ မိတ္ဆက္ၿပီးေနာက္ ယခုအခါမွာ ျမန္မာျပည္မိုဘိုင္းေဈးကြက္ထဲကို ေရာက္ရွိလာေတာ့မည္ျဖစ္ၿပီး ေနာက္ဆုံးထြက္ရွိထားတဲ့ သတင္းမ်ားအရ လာမယ့္ဧၿပီလ အေစာပိုင္းမွာ စတင္ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

Realme 3 မွာ တန္ဖိုးသင့္စမတ္ဖုန္းတစ္လုံးအသြင္နဲ႔ေရာက္ရွိလာမွာျဖစ္တဲ့အျပင္ ႏိုင္ငံတကာေဈးႏႈန္းမ်ားနဲ႔ ခ်ိန္ထိုးၾကည့္ပါက ျမန္မာက်ပ္ေငြ ၂သိန္းဝန္းက်င္သာက်သင့္ေစမယ္လို႔ သိရပါတယ္။Realme 3 မွာ HD+ ႐ုပ္ထြက္အရည္အေသြးရွိ 6.22-inch အ႐ြယ္စား ႏွင္းစက္ပုံစံမ်က္ႏွာျပင္ကိုအသုံးျပဳေပးထားၿပီး လွပဆြဲေဆာင္မႈရွိေစမယ့္ Unibody ဒီဇိုင္းကိုအသုံးျပဳေပးထားပါတယ္။ Realme 3 ရဲ႕ ေနာက္ထပ္အားသာခ်က္မွာ ဖုန္းတစ္လုံးအတြက္ပိုမိုအေရး ပါတဲ့ ဘက္ထရီပမာဏကို 4230 mAh အထိအသုံးျပဳေပးထားျခင္း ျဖစ္ပါတယ္။ ဒါ့အျပင္ Realme အမွတ္တံဆိပ္အတြက္ ပထမဆုံး Gradient အေရာင္စပ္အျဖစ္ Dynamic Black နဲ႔အတူ Limited Edition အျဖစ္ဝင္ေရာက္လာမယ့္ Classic Black တို႔ကို ကနဦးအျဖစ္စတင္ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

13MP+2MP AI Dual Camera ကိုထည့္သြင္းေပးထားတဲ့အတြက္ Portrait အလွဓာတ္ပုံမ်ားကိုလည္းစိတ္တိုင္းက်႐ိုက္ယူေစႏိုင္မယ့္အျပင္ Nightscape နဲ႔ Chroma Boost တို႔လို feature သစ္တို႔ေၾကာင့္ အလင္းေရာင္နည္းပါးတဲ့အခ်ိန္တြင္ ပိုမိုၾကည္လင္ေသာဓာတ္ပုံေတြနဲ႔ ပိုမိုစိုေျပေတာက္ပတဲ့ဓာတ္ပုံေတြကို ရယူႏိုင္ေစမယ္လို႔ ဆိုပါတယ္။ အဆင့္ျမႇင့္တင္ထားတဲ့ 13MP AI Selfie Camera ကလည္း အသားအရည္အေရာင္အေသြးမ်ားကို ပိုမိုခ်ိန္ညႇိေပးႏိုင္မွာပါ။ Fingerprint လက္ေဗြဖတ္ unlock စနစ္နဲ႔အတူ Face Unlock ပါအသုံးျပဳႏိုင္ပါတယ္။ စြမ္းေဆာင္ရည္ျမႇင့္မားတဲ့ Helio P60 Chipset နဲ႔အတူ RAM 3GB+ ROM 32GB version နဲ႔ RAM 4GB+ ROM 64GB version ၂မ်ိဳးကိုထုတ္လုပ္ေပးထားတယ္လို႔ သိရပါတယ္။

Android P ကိုအေျခခံထားတဲ့ ColorOS 6.0 version ေၾကာင့္ ဖုန္းကိုထိေတြ႕အသုံးျပဳမႈအပိုင္းတို႔တြင္ အသစ္စက္စက္အသြင္ခံစားခ်က္ကို ရရွိေစဦးမယ္လို႔ ဆိုထားပါတယ္။ Triple slot အမ်ိဳးအစားေၾကာင့္ 4G ဆင္းမ္ကဒ္၂ကဒ္နဲ႔အတူ သီးသန႔္ SD ကဒ္ကိုပါအသုံးျပဳႏိုင္ပါတယ္။ Realme 3 မွာ hardware နဲ႔ software ပိုင္းညီၫြတ္မွ်တစြာေပါင္းစပ္ေပးထားၿပီး ေဈးႏႈန္းပိုင္းပါသင့္တင့္စြာ ဝင္ေရာက္လာႏိုင္တဲ့အတြက္ ေဈးကြက္ကိုင္လႈပ္ေစမယ့္ထုတ္ကုန္သစ္တစ္ခုအျဖစ္ ေစာင့္ၾကည့္သြား ရမယ္လို႔ ဆိုထားပါတယ္။

[Unicode]

ဈေးကွက်ကိုင်လှုပ်မယ့် Realme ရဲ့ နောက်ထပ်ထုတ်ကုန်သစ်ဖြစ်တဲ့ Realme 3 မြန်မာပြည်မိုဘိုင်းလောကသို့ ရောက်ရှိလာတော့မည်

Realme ရဲ့ နောက်ထပ်မိုဘိုင်းထုတ်ကုန်သစ်ဖြစ်တဲ့ Realme 3 အနေနဲ့ နိုင်ငံတကာဈေးကွက်များတွင် မိတ်ဆက်ပြီးနောက် ယခုအခါမှာ မြန်မာပြည်မိုဘိုင်းဈေးကွက်ထဲကို ရောက်ရှိလာတော့မည်ဖြစ်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ သတင်းများအရ လာမယ့်ဧပြီလ အစောပိုင်းမှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Realme 3 မှာ တန်ဖိုးသင့်စမတ်ဖုန်းတစ်လုံးအသွင်နဲ့ရောက်ရှိလာမှာဖြစ်တဲ့အပြင် နိုင်ငံတကာဈေးနှုန်းများနဲ့ ချိန်ထိုးကြည့်ပါက မြန်မာကျပ်ငွေ ၂သိန်းဝန်းကျင်သာကျသင့်စေမယ်လို့ သိရပါတယ်။Realme 3 မှာ HD+ ရုပ်ထွက်အရည်အသွေးရှိ 6.22-inch အရွယ်စား နှင်းစက်ပုံစံမျက်နှာပြင်ကိုအသုံးပြုပေးထားပြီး လှပဆွဲဆောင်မှုရှိစေမယ့် Unibody ဒီဇိုင်းကိုအသုံးပြုပေးထားပါတယ်။ Realme 3 ရဲ့ နောက်ထပ်အားသာချက်မှာ ဖုန်းတစ်လုံးအတွက်ပိုမိုအရေး ပါတဲ့ ဘက်ထရီပမာဏကို 4230 mAh အထိအသုံးပြုပေးထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Realme အမှတ်တံဆိပ်အတွက် ပထမဆုံး Gradient အရောင်စပ်အဖြစ် Dynamic Black နဲ့အတူ Limited Edition အဖြစ်ဝင်ရောက်လာမယ့် Classic Black တို့ကို ကနဦးအဖြစ်စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

13MP+2MP AI Dual Camera ကိုထည့်သွင်းပေးထားတဲ့အတွက် Portrait အလှဓာတ်ပုံများကိုလည်းစိတ်တိုင်းကျရိုက်ယူစေနိုင်မယ့်အပြင် Nightscape နဲ့ Chroma Boost တို့လို feature သစ်တို့ကြောင့် အလင်းရောင်နည်းပါးတဲ့အချိန်တွင် ပိုမိုကြည်လင်သောဓာတ်ပုံတွေနဲ့ ပိုမိုစိုပြေတောက်ပတဲ့ဓာတ်ပုံတွေကို ရယူနိုင်စေမယ်လို့ ဆိုပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ 13MP AI Selfie Camera ကလည်း အသားအရည်အရောင်အသွေးများကို ပိုမိုချိန်ညှိပေးနိုင်မှာပါ။ Fingerprint လက်ဗွေဖတ် unlock စနစ်နဲ့အတူ Face Unlock ပါအသုံးပြုနိုင်ပါတယ်။ စွမ်းဆောင်ရည်မြှင့်မားတဲ့ Helio P60 Chipset နဲ့အတူ RAM 3GB+ ROM 32GB version နဲ့ RAM 4GB+ ROM 64GB version ၂မျိုးကိုထုတ်လုပ်ပေးထားတယ်လို့ သိရပါတယ်။

Android P ကိုအခြေခံထားတဲ့ ColorOS 6.0 version ကြောင့် ဖုန်းကိုထိတွေ့အသုံးပြုမှုအပိုင်းတို့တွင် အသစ်စက်စက်အသွင်ခံစားချက်ကို ရရှိစေဦးမယ်လို့ ဆိုထားပါတယ်။ Triple slot အမျိုးအစားကြောင့် 4G ဆင်းမ်ကဒ်၂ကဒ်နဲ့အတူ သီးသန့် SD ကဒ်ကိုပါအသုံးပြုနိုင်ပါတယ်။ Realme 3 မှာ hardware နဲ့ software ပိုင်းညီညွတ်မျှတစွာပေါင်းစပ်ပေးထားပြီး ဈေးနှုန်းပိုင်းပါသင့်တင့်စွာ ဝင်ရောက်လာနိုင်တဲ့အတွက် ဈေးကွက်ကိုင်လှုပ်စေမယ့်ထုတ်ကုန်သစ်တစ်ခုအဖြစ် စောင့်ကြည့်သွား ရမယ်လို့ ဆိုထားပါတယ်။