[Zawgyi]

ေဈးကြက္တြင္လူႀကိဳက္မ်ားလ်က္ရွိတဲ့ Realme 3 စမတ္ဖုန္းအတြက္ ေနာက္ထပ္အေရာင္သစ္တစ္မ်ိဳးျဖစ္တဲ့ အျပာႏွင့္အစိမ္း၂ေရာင္ေပါင္းစပ္ထားေသာ Radiant Blue အေရာင္ကို ေဈးကြက္တြင္ စတင္ဝယ္ယူႏိုင္ၿပီလို႔ သိရပါတယ္။ ယခင္ကေရာင္းခ်ေပးလ်က္ရွိတဲ့ အနက္ႏွင့္အျပာေပါင္းစပ္ထားေသာ Dyanmic Black ႏွင့္အတူ ကန႔္သတ္ခ်က္အျဖစ္ထုတ္ေပးထားေသာ Classic Black ကိုလည္း ဆက္လက္ဝယ္ယူႏိုင္မယ္လို႔ ဆိုပါတယ္။

Realme 3 ကို Version ၂မ်ိဳးထုတ္ေပးထားၿပီး 3+32 GB အတြက္ ၂ဝ၉,ဝဝဝ က်ပ္ႏွင့္ 4+64 GB အတြက္ ၂၅၉,ဝဝဝ က်ပ္က်သင့္မွာ ျဖစ္ပါတယ္။ ႀကီးမားက်ယ္ျပန႔္ေသာ 6.22-inch HD+ အရည္အေသြးရွိမ်က္ႏွာျပင္ ကိုအသုံးျပဳေပးထားၿပီး ကိုယ္ထည္ပိုင္းမွာလည္း လွပဆြဲေဆာင္မႈရွိေစမည့္ Unibody ဒီဇိုင္းကို အသုံးျပဳေပးထားပါတယ္။ ဖုန္းရဲ႕ဘက္ထရီပိုင္းတြင္ အထူးေကာင္းမြန္တဲ့ 4230mAh အမ်ိဳးအစားကိုအသုံးျပဳေပးထားျခင္းေၾကာင့္ ပိုမိုၾကာရွည္စြာအသုံးျပဳႏိုင္ေစမွာ ျဖစ္ပါတယ္။ ကင္မရာပိုင္းတြင္ 13MP+2MP AI Dual Camera ကိုထည့္သြင္းတပ္ဆင္ေပးထားၿပီး Portrait အလွဓာတ္ပုံမ်ားကို စိတ္တိုင္းက်႐ိုက္ယူႏိုင္ပါတယ္။ ကင္မရာပိုင္းဆိုင္ရာ ထူးျခားေသာ feature သစ္မ်ားျဖစ္တဲ့ Nightscape Mode ႏွင့္ Chroma Boost တို႔ကိုလည္း ထိေတြ႕အသုံးျပဳႏိုင္မွာပါ။ ထို႔အျပင္ feature သစ္မ်ားထည့္သြင္းေပးထားတဲ့ 13MP AI Selfie Camera ကလည္း ထူးျခားတဲ့ အေတြ႕အႀကဳံသစ္မ်ားကို ေပးစြမ္းေစဦးမယ္လို႔ ဆိုပါတယ္။

Fingerprint အျပင္ Face Unlock တို႔ကိုပါ မိမိႏွစ္သက္သလိုအသုံးျပဳႏိုင္ေစၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့အျပင္ ဘက္ထရီအားကိုပါ ပိုမိုၾကာရွည္ခံေစမယ့္ Helio P60 Chipset ကိုအသုံးျပဳေပးထားျခင္းေၾကာင့္ ပိုမိုျမန္ဆန္တဲ့ဂိမ္းအေတြ႕အႀကဳံသစ္မ်ားကိုပါ ရရွိေစမည္လို႔ ေျပာၾကားထားပါတယ္။ Android Pie ကိုအေျခခံထားတဲ့ ေနာက္ဆုံးထုတ္ ColorOS 6 ေၾကာင့္ user interface ပိုင္းတြင္လည္း ထူးျခားဆန္းသစ္မႈကိုပါ ခံစားရရွိေစဦးမွာ ျဖစ္ပါတယ္။ Triple Slot Tray ေၾကာင့္ 4G စနစ္သုံး SIM ကဒ္ ၂ကဒ္ႏွင့္အတူ 256GB အထိထပ္တိုးႏိုင္ေစမယ့္ extra SD ကဒ္ကိုပါ တစ္ၿပိဳင္တည္းအသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

[Unicode]

Realme 3 အတွက် အပြာနှင့်အစိမ်း၂ရောင်စပ် Radiant Blue အရောင်သစ်ကိုဝယ်ယူနိုင်ပြီ

ဈေးကွက်တွင်လူကြိုက်များလျက်ရှိတဲ့ Realme 3 စမတ်ဖုန်းအတွက် နောက်ထပ်အရောင်သစ်တစ်မျိုးဖြစ်တဲ့ အပြာနှင့်အစိမ်း၂ရောင်ပေါင်းစပ်ထားသော Radiant Blue အရောင်ကို ဈေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ ယခင်ကရောင်းချပေးလျက်ရှိတဲ့ အနက်နှင့်အပြာပေါင်းစပ်ထားသော Dyanmic Black နှင့်အတူ ကန့်သတ်ချက်အဖြစ်ထုတ်ပေးထားသော Classic Black ကိုလည်း ဆက်လက်ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Realme 3 ကို Version ၂မျိုးထုတ်ပေးထားပြီး 3+32 GB အတွက် ၂ဝ၉,ဝဝဝ ကျပ်နှင့် 4+64 GB အတွက် ၂၅၉,ဝဝဝ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်သော 6.22-inch HD+ အရည်အသွေးရှိမျက်နှာပြင် ကိုအသုံးပြုပေးထားပြီး ကိုယ်ထည်ပိုင်းမှာလည်း လှပဆွဲဆောင်မှုရှိစေမည့် Unibody ဒီဇိုင်းကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ဘက်ထရီပိုင်းတွင် အထူးကောင်းမွန်တဲ့ 4230mAh အမျိုးအစားကိုအသုံးပြုပေးထားခြင်းကြောင့် ပိုမိုကြာရှည်စွာအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းတွင် 13MP+2MP AI Dual Camera ကိုထည့်သွင်းတပ်ဆင်ပေးထားပြီး Portrait အလှဓာတ်ပုံများကို စိတ်တိုင်းကျရိုက်ယူနိုင်ပါတယ်။ ကင်မရာပိုင်းဆိုင်ရာ ထူးခြားသော feature သစ်များဖြစ်တဲ့ Nightscape Mode နှင့် Chroma Boost တို့ကိုလည်း ထိတွေ့အသုံးပြုနိုင်မှာပါ။ ထို့အပြင် feature သစ်များထည့်သွင်းပေးထားတဲ့ 13MP AI Selfie Camera ကလည်း ထူးခြားတဲ့ အတွေ့အကြုံသစ်များကို ပေးစွမ်းစေဦးမယ်လို့ ဆိုပါတယ်။

Fingerprint အပြင် Face Unlock တို့ကိုပါ မိမိနှစ်သက်သလိုအသုံးပြုနိုင်စေပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အပြင် ဘက်ထရီအားကိုပါ ပိုမိုကြာရှည်ခံစေမယ့် Helio P60 Chipset ကိုအသုံးပြုပေးထားခြင်းကြောင့် ပိုမိုမြန်ဆန်တဲ့ဂိမ်းအတွေ့အကြုံသစ်များကိုပါ ရရှိစေမည်လို့ ပြောကြားထားပါတယ်။ Android Pie ကိုအခြေခံထားတဲ့ နောက်ဆုံးထုတ် ColorOS 6 ကြောင့် user interface ပိုင်းတွင်လည်း ထူးခြားဆန်းသစ်မှုကိုပါ ခံစားရရှိစေဦးမှာ ဖြစ်ပါတယ်။ Triple Slot Tray ကြောင့် 4G စနစ်သုံး SIM ကဒ် ၂ကဒ်နှင့်အတူ 256GB အထိထပ်တိုးနိုင်စေမယ့် extra SD ကဒ်ကိုပါ တစ်ပြိုင်တည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။