[Zawgyi]

Realme ရဲ႕ စမတ္ဖုန္းသစ္ျဖစ္တဲ့ Realme 3 ကို အိႏၵိယႏိုင္ငံနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြမွာ ယခုမတ္လအေစာပိုင္းမွာ စတင္မိတ္ဆက္ေပး ၿပီးေနာက္ ထူးျခားတဲ့ ေရာင္းအားစံခ်ိန္သစ္ေတြနဲ႔ Xiaomi ရဲ႕အဓိကၿပိဳင္ဘက္အျဖစ္ ပိုမိုအရွိန္ျမင့္တက္ လာခဲ့ပါတယ္။ Realme 3 အေနနဲ႔ ယခုကဲ့သို႔ လူထုစိတ္ဝင္စားမႈပိုမိုျမင့္တက္လာခဲ့သလို ေရာင္းအားပိုင္းတြင္လည္း ယခင္ ေရာင္းခ်ေပးခဲ့တဲ့ Realme 2 ရဲ႕ စတင္ေရာင္းခ်တဲ့ စံခ်ိန္ေကာင္းကိုပါ ခ်ိဳးျဖတ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး အိႏၵိယႏိုင္ငံမွာ စတင္ေရာင္းခ် ေပးတဲ့ ပထမဆုံးေန႔မွာပင္ အလုံးေရ ၂သိန္း တစ္ေသာင္းေက်ာ္ (၂၁ဝ,ဝဝဝ+) အထိရွိခဲ့ၿပီး အဆိုပါေန႔ ဒုတိယအသုပ္ေရာင္းခ်မႈတြင္လည္း ေနာက္ထပ္ အလုံးေရ ၆ဝ,ဝဝဝ ေက်ာ္အထိေရာင္းခ်ခဲ့ရေၾကာင္း indiatvnews သတင္းဌာနရဲ႕ ထုတ္ျပန္ခ်က္အရသိရွိရပါတယ္။

ဒါ့အျပင္ အင္ဒိုနီးရွားႏိုင္ငံတြင္လည္း Lazada အြန္လိုင္းပလပ္ေဖာင္းမွာ စတင္ေရာင္းခ်ေပးခဲ့ရာမွာ ၃မိနစ္အတြင္းမွာပင္ အလုံးေရ ၂ေသာင္း တစ္ေထာင္အထိေရာင္းခ်ခဲ့ရၿပီး Lazada အင္ဒိုနီးရွားရဲ႕ ၂ဝ၁၉ အြန္လိုင္းေရာင္းအားအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ပါ မွတ္တိုင္သစ္တစ္ခုစိုက္ထူႏိုင္ခဲ့ပါတယ္။

Realme 3 မွာ ယခင္ဖုန္းမ်ားနဲ႔ တစ္မူကြဲျပားတဲ့ ဒီဇိုင္းပုံစံသစ္ျဖစ္တဲ့ Unibody Design ကိုအသုံးျပဳေပးထားၿပီး လူငယ္မ်ားပိုမိုႏွစ္သက္ေစမယ့္ ေခတ္ဆန္တဲ့အသြင္မ်ိဳးအျဖစ္ ဖန္တီးေပးထားျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ ပထမဆုံးမိတ္ဆက္ေပးလိုက္တဲ့ အေရာင္စပ္ Gradient Color ေ႐ြးခ်ယ္ႏိုင္မႈနဲ႔အတူ ပိုမိုေကာင္းမြန္တဲ့ ဓာတ္ပုံ႐ိုက္ကူးမႈအေတြ႕အႀကဳံ၊ ဖုန္းသုံးစြဲမႈၾကာရွည္ခံေစမည့္ 4230 mAh ဘက္ထရီအမ်ိဳးအစားတို႔ကိုပါ ထည့္သြင္းေပးထားပါတယ္။ ယခု Realme 3 စမတ္ဖုန္းသစ္ကို ျမန္မာျပည္မိုဘိုင္းေဈးကြက္မွာ ေရာင္းခ်ေပးသြားမယ္လို႔လည္း သိရွိရပါတယ္။

[Unicode]

Realme အနေနဲ့ Xiaomi ရဲ့ အဓိကပြိုင်ဘက်အဖြစ် နိုင်ငံတကာဈေးကွက်မှာ ထုတ်ကုန်သစ် Realme 3 နဲ့ စံချိန်တင်ရောင်းချရလျက်ရှိ

Realme ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Realme 3 ကို အိန္ဒိယနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ယခုမတ်လအစောပိုင်းမှာ စတင်မိတ်ဆက်ပေး ပြီးနောက် ထူးခြားတဲ့ ရောင်းအားစံချိန်သစ်တွေနဲ့ Xiaomi ရဲ့အဓိကပြိုင်ဘက်အဖြစ် ပိုမိုအရှိန်မြင့်တက် လာခဲ့ပါတယ်။ Realme 3 အနေနဲ့ ယခုကဲ့သို့ လူထုစိတ်ဝင်စားမှုပိုမိုမြင့်တက်လာခဲ့သလို ရောင်းအားပိုင်းတွင်လည်း ယခင် ရောင်းချပေးခဲ့တဲ့ Realme 2 ရဲ့ စတင်ရောင်းချတဲ့ စံချိန်ကောင်းကိုပါ ချိုးဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချ ပေးတဲ့ ပထမဆုံးနေ့မှာပင် အလုံးရေ ၂သိန်း တစ်သောင်းကျော် (၂၁ဝ,ဝဝဝ+) အထိရှိခဲ့ပြီး အဆိုပါနေ့ ဒုတိယအသုပ်ရောင်းချမှုတွင်လည်း နောက်ထပ် အလုံးရေ ၆ဝ,ဝဝဝ ကျော်အထိရောင်းချခဲ့ရကြောင်း indiatvnews သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံတွင်လည်း Lazada အွန်လိုင်းပလပ်ဖောင်းမှာ စတင်ရောင်းချပေးခဲ့ရာမှာ ၃မိနစ်အတွင်းမှာပင် အလုံးရေ ၂သောင်း တစ်ထောင်အထိရောင်းချခဲ့ရပြီး Lazada အင်ဒိုနီးရှားရဲ့ ၂ဝ၁၉ အွန်လိုင်းရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ်ပါ မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။

Realme 3 မှာ ယခင်ဖုန်းများနဲ့ တစ်မူကွဲပြားတဲ့ ဒီဇိုင်းပုံစံသစ်ဖြစ်တဲ့ Unibody Design ကိုအသုံးပြုပေးထားပြီး လူငယ်များပိုမိုနှစ်သက်စေမယ့် ခေတ်ဆန်တဲ့အသွင်မျိုးအဖြစ် ဖန်တီးပေးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုံးမိတ်ဆက်ပေးလိုက်တဲ့ အရောင်စပ် Gradient Color ရွေးချယ်နိုင်မှုနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံ၊ ဖုန်းသုံးစွဲမှုကြာရှည်ခံစေမည့် 4230 mAh ဘက်ထရီအမျိုးအစားတို့ကိုပါ ထည့်သွင်းပေးထားပါတယ်။ ယခု Realme 3 စမတ်ဖုန်းသစ်ကို မြန်မာပြည်မိုဘိုင်းဈေးကွက်မှာ ရောင်းချပေးသွားမယ်လို့လည်း သိရှိရပါတယ်။