realme Myanmar က realme 9 series ၏ နောက်ထပ်ထုတ်ကုန်အသစ်ဖြစ်သော Flagship Camera ရိုက်ကူးမှုအတွေ့အကြုံတွေရရှိနိုင်စေမယ့် ဖန်တီးရိုက်ချက်အလင်းစက် realme 9 စမတ်ဖုန်းအသစ်ကို ယနေ့ ဇွန်လ ၇ ရက်၊ ၂၀၂၂ ခုနှစ်တွင် အွန်လိုင်းမှတစ်ဆင့်မိတ်ဆက်ပေးလိုက်ပါပြီ။

ထူးခြားသော ကမ္ဘာ့ပထမဆုံး လှိုင်းတွန့်ရုပ်ကြွဒီဇိုင်း (Ripple Holographic Design) အသွင်အပြင်ရှိသော realme 9 ကို ၅၃၉,၉၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်သည်။ realme 9 တွင်ဖန်တီးထားသည့် လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းမှာ ကန္တာရ သဲခုံလွှာလေးများကိုအခြေခံကာ ဆန်းသစ်သည့် Plasma Atom အပေါ်လွှာထပ်လောင်းခြင်း နှင့် UV-Nano ပုံရိုက်ခြင်းလုပ်ဆောင်မှုတို့မှ ခက်ခဲ့သည့်ထုတ်လုပ်မှုအဆင့်ဆင့်တို့ကိုကျော်ဖြတ်ပြီး ဖန်တီးထားခြင်းဖြစ်သည်။ လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းနှင့် ခမ်းနားနေသော realme 9 သည် 178 g အလေးချိန်ရှိပြီး 7.99mm အထူသာရှိသည့်အတွက် သွယ်လျပါးလွှာပြီး လှပတင့်တယ်ခြင်း ခံစားချက်ကို ရရှိစေပါမည်။

realme 9 ၏ နောက်ထပ်ထူးခြားချက်မှာ ဓာတ်ပုံရိုက်ကူးမှုများတွင် လုပ်ဆောင်ချက် အသစ်များနှင့်အတူ ရုပ်ထွက်အားနှင့် အလင်းဝင်အားတို့ကို ပိုမိုကောင်းမွန်စွာရရှိစေရန် ပရိုဆန်သည့် 108MP ကင်မရာအမျိုးအစားကို အသုံးပြုပေးထားပါသည်။ realme 9 အတွက် အထူးထုတ်လုပ်ပေးထားသည့် Samsung ၏ HM6 Image Sensor ကို ထည့်သွင်းအသုံးပြုထားသောကြောင့် ယခင် HM2 Image Sensor ထက် အလင်းစုပ်ယူ အားဖြည့်မှုအပိုင်းတွင် ၁၂၃ ရာခိုင်နှုန်းအထိ ပိုမိုအားကောင်းသွားစေမည်ဖြစ်သည်။ realme 9 တွင်ပါဝင်သည့် HM6 Image Sensor မှာ Nonapixel Plus နည်းပညာကိုအသုံးပြုထားခြင်းဖြစ်ပြီး 9-sum Pixel Binning အားသာချက်ကြောင့် လုံလောက်ပြည့်ဝသည့် အလင်းအားကိုရရှိစေကာ အလင်းရောင်အားနည်းသော ပတ်ဝန်းကျင်များတွင် ပိုမိုပြတ်သားကြည်လင်သည့် ပုံများကို ရိုက်ကူးနိုင်စေမည်ဖြစ်သည်။ ဓာတ်ပုံတစ်ခု အတွက် အဓိကအဟန့်အတားဖြစ်သည့် Noise (ပုံဖွယ်ခြင်း) ကိုပါ အနည်းဆုံးအဖြစ်လျှော့ချပေးထားခြင်းကြောင့် လွတ်လပ်သည့်ဓာတ်ပုံရိုက်ကူးခြင်းကို realme 9 နှင့်အတူ ရရှိစေမည်ပါမည်။

ထို့အပြင် HM6 Image Sensor တွင် Hardware အခြေပြု In-sensor Ultra Zoom စနစ်ကြောင့် အဝေးမြင်ကွင်းများကို ၃ဆချဲ့ယူရိုက်ကူးနိုင်သလို အနုစိပ် အရည်အသွေးကိုရရှိစေမည်ဖြစ်သည်။ မြင်ကွင်းကျယ်ရိုက်ကူးမှုအတွက် ၁၂၀ ဒီဂရီအထိရရှိစေမည့် Super Wide ကင်မရာကို ထည့်သွင်းပေးထားပြီး Street Photography Mode 2.0 တွင်လည်း လူငယ်များအကြိုက် filter များအသုံးပြုပြီး ဖန်တီမှုများစွာ စိတ်ကြိုက်လုပ်ဆောင်နိုင်ပါမည်။

realme 9 တွင် အရောင်ရွှန်းစိုသည့် 90Hz Super AMOLED မျက်နှာပြင်နှင့်အတူ လက်ဗွေဖတ်စနစ်ကို မျက်နှာပြင်အောက်တွင် ထည့်သွင်းပေးထားပါသည်။ ယခုလက်ဗွေဖတ်စနစ်တွင် ကျန်မာရေးအတွက် ပိုမိုအသုံး၀င်သော feature တစ်ခုဖြစ်သည့် နှလုံးခုန်တိုင်းတာပေးမည့် Heart-rate ဆင်ဆာ ကိုပါထည့်သွင်းပေးထားပါသည်။

Press Release – realme