realme ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအပြင် True Wireless Earbuds တွေကိုပါ ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက realme Buds Air ကို မိတ်ဆက်ခဲ့ပေမယ့် မကြာသေးခင်တုန်းက စျေးပိုသက်သာတဲ့ realme Buds Air Neo နဲ့ realme Buds Q တွေကိုပါ မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။

အခုလည်း realme ကနေ နောက်ထပ် True Wireless Earbuds တစ်ခုကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပြီးတော့ World Intellectual Property Organization (WIPO) မှာ အဆိုပါ True Wireless Earbuds အသစ်ရဲ့ Design မူပိုင်ခွင့်ကို တွေ့မြင်ခဲ့ရပါတယ်။ ဒီသတင်းကိုတော့ 91Mobiles ကနေ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

Design ပိုင်းအရ အဆိုပါ realme Wireless Earbuds အသစ်ဟာ Apple AirPods Pro နဲ့ဆင်တူပြီးတော့ Charging Case ကလည်း AirPods Pro Charging Case ပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ Charging Case မှာ USB-C ၊ Pairing Button နဲ့ LED Indicator တွေကိုတွေ့ရှိရပြီး Wireless Charging ကိုပါ Support ပြုလုပ်လာနိုင်ပါတယ်။

ကြည့်ရတာတော့ အဆိုပါ realme Earbuds အသစ်ဟာ စျေးပိုများပြီး Quality ပိုကောင်းတဲ့ အမျိုးအစားဖြစ်လာနိုင်ပြီး Apple AirPods Pro လိုမျိုးပဲ Active Noise Cancellation (ANC) လို Feature တွေပါဝင်လာဖို့များနေပါတယ်။

Ref – Gizmo China