Realme က ၂၄ ရက်နေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမယ့် MWC မှာ စွမ်းရည်မြင့် X50 Pro 5G နဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်တီဗီကို ကြေညာဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် MWC ကို ဖျက်သိမ်းလိုက်တဲ့အတွက် အဲဒီနေ့မှာ စပိန်နိုင်ငံ မက်ဒရစ်နဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ X50 Pro 5G ကို အွန်လိုင်းကနေ တစ်ပြိုင်နက် ကြေညာတော့မှာပါ။

Realme က X50 Pro 5G ရဲ့ သတင်းအချက်အလက်များစွာကို မျှဝေထားပေမယ့် စမတ်တီဗီ သတင်းကို သိပ်မပြောသေးပါဘူး။ Realme India က စမတ်တီဗီရဲ့ သတင်းအချက်အလက်တချို့ကို မကြာခင်က တွစ်တာမှာ မျှဝေခဲ့ပြီး Realme India ရဲ့ စီအီးအို Madhav Sheth က စမတ်တီဗီကို ဒီနှစ် ကွာတား ၂ မှာ ရောင်းမယ်လို့ YouTube က အင်တာဗျူး ၁ ခုမှာ ပြောခဲ့ပါတယ်။  ဧပြီလနဲ့ ဇွန်လအတွင်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Sheth က Realme ရဲ့ ပထမဆုံး Fitness Band ကိုလည်း အတည်ပြုခဲ့ပြီး ၂၄ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။ Fitness Band မှာ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ၊ OLED မျက်နှာပြင်နဲ့ USB Connector တွေ ပါလာမှာ ဖြစ်ပါတယ်။ Yellow နဲ့ Black အပါအဝင် အရောင် ၃ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

စီအီးအိုက ပူပူနွေးနွေး ကြေညာထားတဲ့ Realme Link App အကြောင်းကိုလည်း ပြောပြခဲ့ပြီး Buds Air Neo TWS Earphones ကို ဖန်တီးနေတယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ သူက Realme 6 ရဲ့ သတင်းတွေကို မကြာခင် ကြားရမှာ ဖြစ်တယ်လို့ သတင်းပေးခဲ့ပါတယ်။

Ref : gsmarena