realme က အသစ်စက်စက်မိတ်ဆက်ပေးထားသည့် realme C3 စမတ်ဖုန်းကို ယခုအခါတွင် လက်ဆောင်အခွင့်အရေများနှင့်အတူ ဝယ်ယူခံစားနိုင်ပြီဖြစ်ပါတယ်။ TripleCamera GamerMonster ဆောင်ပုဒ်နှင့်အညီ ပိုမိုကောင်းမွန်သည့် ကင်မရာရိုက်ကူးမှုအတွေ့အကြုံ၊ Gaming ပိုင်းပိုမိုမြင့်မားသွက်လက်မှုများနှင့်အတူ ပေးရသည့်ဈေးနှင့်ထိုက်တန်သည့်တန်ဖိုးကို အပြည့်အဝရရှိစေနိုင်မှာဖြစ်ပါတယ်။ realme C3 ကို version ၂မျိုးအဖြစ်ထုတ်လုပ်ပေးထားပြီး RAM 2GB + ROM 32GB အတွက် ၁၆၉,၉ဝဝ ကျပ်နှင့် RAM 3GB + ROM 32GB အတွက် ၁၉၉,၉ဝဝ ကျပ်ကျသင့်မည်ဖြစ်ပါတယ်။ Blazing Red နှင့် Frozen Blue အရောင် ၂မျိုးကိုရွေးချယ်နိုင်စေမှာဖြစ်ပါတယ်။
realme C3 တွင် ကြီးမားကျယ်ပြန်သည့် 6.5-inch HD+ display ကိုအသုံးပြုပေးထားပြီး Multimedia အသုံးပြုမှုကိုပိုမိုကြာရှည်ခံစေမည့် ကြီးမားသည့် 5000 mAh battery နှင့် တွဲဖက်ပေးထားခြင်းဖြစ်ပါတယ်။ GameMonster ဆိုသည့်အတိုင်း ပိုမိုသွက်လက်မြန်ဆန်သည့် Gaming အတွေ့အကြုံများထိတွေ့ရရှိနိုင်စေရန် MediaTek ၏ Helio G70 ကိုအသုံးပြုထားသည့် ကမ္ဘာ့ပထမဆုံး Entry-level စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ Mobile Legends ဂိမ်းတွေအပြင် graphic အပိုင်းပိုမိုလိုအပ်သည့် PUBG ဂိမ်းမျိုးကိုပင် HD ရုပ်ထွက်အရည်အသွေးကို High Frame Rate ဖြင့်ပါကစားနိုင်စေမှာဖြစ်ပါတယ်။ TripleCamera ဆိုသည့်အတိုင်း နောက်ကင်မရာ ၃လုံးတပ်ဆင်ပေးထားသည့် ပထမဆုံး C series ထုတ်ကုန်တစ်ခုလည်းဖြစ်ပြီး 12MP ပင်မကင်မရာ၊ Portrait အလှပုံတွေရိုက်နိုင်စေမည့် 2MP Depth Sensor သုံးကင်မရာနှင့် ၄စင်တီမီတာအကွာက အနုစိတ်ပုံလေးများကိုစမ်းသပ်ရိုက်ယူနိုင်စေမည့် 2MP Ultra Macro Sensor သုံးကင်မရာတို့ကိုအသုံးပြုပေးထားပါတယ်။ ရှေ့ဘက် Selfie ကင်မရာအတွက်လည်း AI ဓာတ်ပုံကောင်းများရိုက်ယူနိုင်စေမည့် 5MP ကင်မရာကိုပါတပ်ဆင်ပေးထားပါတယ်။
Source: SoyaCincau.com
realme C3 တွင် Android 10 ကိုအခြေခံထားသည့် realme ၏ကိုပိုင်း realme UI ကိုတစ်ပါတည်းထည့်သွင်းပေးထားသည့် စမတ်ဖုန်းဖြစ်ပြီး realme UI ၏အားသာချက်ကြောင့် app များဖွင့်သည့်အချိန်ကို ၁၄ရာခိုင်နှုန်း၊ RAM သုံးစွဲမှုကို ၂ဝ ရာခိုင်နှုန်းအထိလျှော့ချပေးထားသလို battery အားခံမှုကိုလည်း ၄ဝ ရာခိုင်နှုန်းအထိတိုးမြင့်ရရှိစေမှာဖြစ်ပါတယ်။ realme C3 ကိုဝယ်ယူသူ customer များအနေဖြင့် ဧပြီလ (၁၇)ရက်အထိအထူးလက်ဆောင် “Dare to Leap” စာသားပါ realme T-shirt နှင့် realme Gift-set ၂မျိုးထဲမှ တစ်မျိုးကို ရွေးချယ်ရယူနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။