[Zawgyi]

ၿပီးခဲ့တဲ့အပတ္မွာ Huawei က သူ႕ရဲ႕ Mate 20 Pro ဟန္းဆက္အတြက္ အေရာင္သစ္ႏွစ္မ်ဳိးအျဖစ္ အနီနဲ႔ အျပာေရာင္တုိ႔ကို ထပ္မံထုတ္လုပ္လာမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အနီေရာင္ဖုန္းဟာ ေဖေဖာ္ဝါရီလအစမွာ က်ေရာက္မယ့္ တရုတ္ႏွစ္သစ္ကူးအတြက္လို႔ ထင္ခဲ့ေပမယ့္ အခုေတာ့ ကုမၸဏီဟာ အေရာင္းဝက္ဆုိက္တစ္ခုမွ တဆင့္ ဖုန္းအသစ္ေတြကို ဇန္နဝါရီ ၁၀ ရက္ေန႔မွ စတင္ကာ အႀကိဳမွာယူႏုိင္ၿပီလို႔ ထုတ္ေဖာ္လာခဲ့တယ္။

အဆုိပါ ဟန္းဆက္ေတြကိုေတာ့ Huawei ရဲ႕ အြန္လုိင္းစတုိးျဖစ္တဲ့ Vmall မွာစတင္ျမင္ခဲ့ရၿပီး အေရာင္သစ္မ်ားအတြက္ ေစ်းႏႈန္းက မေျပာင္းလဲပါဘူး။ Red နဲ႔ Comet Blue လို႔အမည္ေပးထားတဲ့ Huawei Mate 20 Pro ရဲ႕ ကာလာသစ္ေတြဟာ တရုတ္ျပည္တြင္းေစ်းကြက္မွာ အရင္ျဖန္႔ခ်ိသြားမွာျဖစ္ၿပီး ႏုိင္ငံတကာ ေစ်းကြက္ကိုလည္း မၾကာခင္ေရာက္ရွိလာမယ္လို႔ ယူဆရတယ္။

ကာလာသစ္ႏွစ္မ်ဳိးနဲ႔ေပါင္းရင္ Mate 20 Pro ဟာ အေရာင္ခုနစ္မ်ဳိးနဲ႔ ရရွိႏုိင္မွာျဖစ္ၿပီး ဗားရွင္းသစ္ ႏွစ္မ်ဳိးဟာလည္း 8GB RAM / 128GB Storage မန္မုိရီပါတဲ့ ေမာ္ဒယ္ကို တရုတ္ယြမ္ေငြ ၅,၉၉၉ (ျမန္မာေငြ ၁၃ သိန္းခြဲနီးပါး) သုိ႔မဟုတ္ 8GB RAM / 256GB Storage ေမာ္ဒယ္ကိုေတာ့ တရုတ္ေငြ ၆,၇၉၉ ယြမ္ (ျမန္မာေငြ ၁၅ သိန္းေက်ာ္) က်သင့္တာကို ေတြ႕ရပါတယ္။ လက္ရွိေၾကျငာထားတဲ့ အထဲမွာ မန္မုိရီ 6GB ဗားရွင္းကိုေတာ့ မေတြ႕ရပါဘူး။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့အပတ်မှာ Huawei က သူ့ရဲ့ Mate 20 Pro ဟန်းဆက်အတွက် အရောင်သစ်နှစ်မျိုးအဖြစ် အနီနဲ့ အပြာရောင်တို့ကို ထပ်မံထုတ်လုပ်လာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အနီရောင်ဖုန်းဟာ ဖေဖော်ဝါရီလအစမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးအတွက်လို့ ထင်ခဲ့ပေမယ့် အခုတော့ ကုမ္ပဏီဟာ အရောင်းဝက်ဆိုက်တစ်ခုမှ တဆင့် ဖုန်းအသစ်တွေကို ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ အကြိုမှာယူနိုင်ပြီလို့ ထုတ်ဖော်လာခဲ့တယ်။

အဆိုပါ ဟန်းဆက်တွေကိုတော့ Huawei ရဲ့ အွန်လိုင်းစတိုးဖြစ်တဲ့ Vmall မှာစတင်မြင်ခဲ့ရပြီး အရောင်သစ်များအတွက် ဈေးနှုန်းက မပြောင်းလဲပါဘူး။ Red နဲ့ Comet Blue လို့အမည်ပေးထားတဲ့ Huawei Mate 20 Pro ရဲ့ ကာလာသစ်တွေဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ အရင်ဖြန့်ချိသွားမှာဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ကိုလည်း မကြာခင်ရောက်ရှိလာမယ်လို့ ယူဆရတယ်။

ကာလာသစ်နှစ်မျိုးနဲ့ပေါင်းရင် Mate 20 Pro ဟာ အရောင်ခုနစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဗားရှင်းသစ် နှစ်မျိုးဟာလည်း 8GB RAM / 128GB Storage မန်မိုရီပါတဲ့ မော်ဒယ်ကို တရုတ်ယွမ်ငွေ ၅,၉၉၉ (မြန်မာငွေ ၁၃ သိန်းခွဲနီးပါး) သို့မဟုတ် 8GB RAM / 256GB Storage မော်ဒယ်ကိုတော့ တရုတ်ငွေ ၆,၇၉၉ ယွမ် (မြန်မာငွေ ၁၅ သိန်းကျော်) ကျသင့်တာကို တွေ့ရပါတယ်။ လက်ရှိကြေငြာထားတဲ့ အထဲမှာ မန်မိုရီ 6GB ဗားရှင်းကိုတော့ မတွေ့ရပါဘူး။

Ref – GSM Arena