[Zawgyi]

Nubia Red Devil Mars RNG Edition ကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလတုန္းကလည္း Nubia Red Devil (Magic) Mars Edition ဆိုၿပီး မိတ္ဆက္ခဲ့ဖူးပါတယ္။ ဒီတစ္ေခါက္ထြက္ရွိလာတဲ့ စမတ္ဖုန္းကေတာ့ Nubia Red Devil Mars Edition ကို ထပ္ၿပီး Edition လုပ္ထားတဲ့ စမတ္ဖုန္းလို႔ ေျပာရမွာပါ။

RNG ဆိုတာက Royal Never Give Up ကို ဆိုလိုတာျဖစ္ၿပီး Leagues of Legend မွာ ထိပ္တန္း eSports အသင္း တစ္သင္းရဲ႕ နာမည္ျဖစ္ပါတယ္။ RNG ဟာ တ႐ုတ္ႏိုင္ငံသားေတြ စုေပါင္းဖြဲ႕စည္းထားတဲ့ eSports အသင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာဆိုရင္ အမာခံပရိတ္သတ္ အေျမာက္အမ်ားပိုင္ဆိုင္ထားသူေတြ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ZTE က သူတို႔ရဲ႕ ပရိတ္သတ္ေတြကို ပစ္မွတ္ထားၿပီးေရာင္းခ်မယ့္ RNG Edition ကို ထုတ္လုပ္လိုက္တာ ျဖစ္ႏိုင္ပါတယ္။

RNG Edtion က မူလပထမ Red Devil Mars Edition နဲ႔ အမ်ားႀကီးကြာျခားသြားမွာ မဟုတ္ပါဘူး။ ကြာျခားသြားတာကေတာ့ RNG Edition မွာ ကစားသမားေတြရဲ႕ ထိုးၿမဲလက္မွတ္ေတြ ပါဝင္လာတာ ျဖစ္ပါတယ္။ ဒီေလာက္ပါပဲ။ RNG Editon မွာလည္း 6” FHD+ Display နဲ႔ Snapdragon 845 SoC ေတြကို အသုံးျပဳထားပါတယ္။ RAM အေနနဲ႔ 8GB ဒါမွမဟုတ္ 10GB ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္သလို Storage ကိုလည္း 64GB ဒါမွမဟုတ္ 128GB ဆိုၿပီး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ ေက်ာဘက္ ကင္မရာအတြက္ 16MP Sensor ကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Sensor ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏကိုေတာ့ 3800mAh ထည့္သြင္းေပးထားပါတယ္။

ေစ်းႏႈန္းေတြအေနနဲ႔ RAM 8 GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃၂၉၉ ယြမ္ (ျမန္မာေငြ ၇သိန္းခြဲ ဝန္းက်င္)၊ RAM 10GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃၈၈၈ ယြမ္ (ျမန္မာေငြ ၈၇၀,၀၀၀ ဝန္းက်င္)နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Nubia Red Devil Mars RNG Edition ကို တ႐ုတ္ႏိုင္ငံမွာပဲ ဝယ္ယူရရွိႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Ref : Indianexpress

[Unicode]

Red Devil Mars RNG Edition ကို မိတ်ဆက်လိုက်တဲ့ Nubia

Nubia Red Devil Mars RNG Edition ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် နိုဝင်ဘာလတုန်းကလည်း Nubia Red Devil (Magic) Mars Edition ဆိုပြီး မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒီတစ်ခေါက်ထွက်ရှိလာတဲ့ စမတ်ဖုန်းကတော့ Nubia Red Devil Mars Edition ကို ထပ်ပြီး Edition လုပ်ထားတဲ့ စမတ်ဖုန်းလို့ ပြောရမှာပါ။

RNG ဆိုတာက Royal Never Give Up ကို ဆိုလိုတာဖြစ်ပြီး Leagues of Legend မှာ ထိပ်တန်း eSports အသင်း တစ်သင်းရဲ့ နာမည်ဖြစ်ပါတယ်။ RNG ဟာ တရုတ်နိုင်ငံသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ eSports အသင်းဖြစ်ပြီး တရုတ်နိုင်ငံမှာဆိုရင် အမာခံပရိတ်သတ် အမြောက်အများပိုင်ဆိုင်ထားသူတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ZTE က သူတို့ရဲ့ ပရိတ်သတ်တွေကို ပစ်မှတ်ထားပြီးရောင်းချမယ့် RNG Edition ကို ထုတ်လုပ်လိုက်တာ ဖြစ်နိုင်ပါတယ်။

RNG Edtion က မူလပထမ Red Devil Mars Edition နဲ့ အများကြီးကွာခြားသွားမှာ မဟုတ်ပါဘူး။ ကွာခြားသွားတာကတော့ RNG Edition မှာ ကစားသမားတွေရဲ့ ထိုးမြဲလက်မှတ်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီလောက်ပါပဲ။ RNG Editon မှာလည်း 6” FHD+ Display နဲ့ Snapdragon 845 SoC တွေကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 8GB ဒါမှမဟုတ် 10GB ရွေးချယ်နိုင်မှာ ဖြစ်သလို Storage ကိုလည်း 64GB ဒါမှမဟုတ် 128GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ကျောဘက် ကင်မရာအတွက် 16MP Sensor ကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Sensor ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏကိုတော့ 3800mAh ထည့်သွင်းပေးထားပါတယ်။

စျေးနှုန်းတွေအနေနဲ့ RAM 8 GB မော်ဒယ်ကို တရုတ်ငွေ ၃၂၉၉ ယွမ် (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်)၊ RAM 10GB မော်ဒယ်ကို တရုတ်ငွေ ၃၈၈၈ ယွမ် (မြန်မာငွေ ၈၇၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Nubia Red Devil Mars RNG Edition ကို တရုတ်နိုင်ငံမှာပဲ ဝယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Indianexpress