Zawgyi

RED Digital Camera ေတြက Professional Cinematography ပိုင္းမွာ နာမည္ရေနတဲ့ Camera ေတြျဖစ္ပါတယ္။ ဒီလို နာမည္ႀကီး Camera ကုမၸဏီတစ္ခုကေန ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက RED Hydrogen One နာမည္နဲ႔ ကင္မရာဦးစားေပး စမတ္ဖုန္းတစ္ခုကို ထုတ္လုပ္ခဲ့ပါေသးတယ္။

အဆိုပါ RED Hydrogen One စမတ္ဖုန္းဟာ 3D Holographic Display ကို အသုံးျပဳထားၿပီး Titanium Body နဲ႔ ျပဳလုပ္ထားတဲ့အတြက္ Design ပိုင္းအရေတာ့ အရမ္းကို ဆန္းေနတာပါ။ ဒါေပမယ့္လည္း ေစ်းႏႈန္းျမင့္မားတာအျပင္ Camera ပိုင္းနဲ႔ တျခားအပိုင္းေတြမွာပါ ေစ်းကြက္ထဲမွာရွိတဲ့ Flagship ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိတဲ့အတြက္ မဝယ္သင့္တဲ့ဖုန္းတစ္ခုဆိုၿပီးကို ေဝဖန္ခံခဲ့ရတာျဖစ္ပါတယ္။

အခုေတာ့ RED ကုမၸဏီရဲ႕ Founder ျဖစ္တဲ့ Jim Jannard ကေန အဆိုပါ Hydrogen စမတ္ဖုန္း Project ကို လုံးဝ ပိတ္သိမ္းလိုက္ၿပီလို႔ ေၾကညာခဲ့ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ က်န္းမာေရးအေျခအေနေၾကာင့္ ကုမၸဏီကေနပါ ႏႈတ္ထြက္ၿပီး အနားယူမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

RED ကုမၸဏီဟာ အခုႏွစ္အေစာပိုင္းတုန္းကေတာင္မွ RED Hydrogen Two စမတ္ဖုန္းကို ထုတ္လုပ္ဦးမယ္ဆိုတဲ့ သတင္းေတြထြက္ေနေပမယ့္ အခုအခ်ိန္မွာေတာ့ လုံးဝမျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္လည္း လက္ရွိထုတ္လုပ္ထားတဲ့ RED Hydrogen One စမတ္ဖုန္းကိုေတာ့ ဆက္လက္ၿပီး Support လုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Ref – Android Authority

Unicode

RED Digital Camera တွေက Professional Cinematography ပိုင်းမှာ နာမည်ရနေတဲ့ Camera တွေဖြစ်ပါတယ်။ ဒီလို နာမည်ကြီး Camera ကုမ္ပဏီတစ်ခုကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက RED Hydrogen One နာမည်နဲ့ ကင်မရာဦးစားပေး စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ခဲ့ပါသေးတယ်။

အဆိုပါ RED Hydrogen One စမတ်ဖုန်းဟာ 3D Holographic Display ကို အသုံးပြုထားပြီး Titanium Body နဲ့ ပြုလုပ်ထားတဲ့အတွက် Design ပိုင်းအရတော့ အရမ်းကို ဆန်းနေတာပါ။ ဒါပေမယ့်လည်း စျေးနှုန်းမြင့်မားတာအပြင် Camera ပိုင်းနဲ့ တခြားအပိုင်းတွေမှာပါ စျေးကွက်ထဲမှာရှိတဲ့ Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ခြင်းမရှိတဲ့အတွက် မဝယ်သင့်တဲ့ဖုန်းတစ်ခုဆိုပြီးကို ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

အခုတော့ RED ကုမ္ပဏီရဲ့ Founder ဖြစ်တဲ့ Jim Jannard ကနေ အဆိုပါ Hydrogen စမတ်ဖုန်း Project ကို လုံးဝ ပိတ်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကျန်းမာရေးအခြေအနေကြောင့် ကုမ္ပဏီကနေပါ နှုတ်ထွက်ပြီး အနားယူမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

RED ကုမ္ပဏီဟာ အခုနှစ်အစောပိုင်းတုန်းကတောင်မှ RED Hydrogen Two စမတ်ဖုန်းကို ထုတ်လုပ်ဦးမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အခုအချိန်မှာတော့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့်လည်း လက်ရှိထုတ်လုပ်ထားတဲ့ RED Hydrogen One စမတ်ဖုန်းကိုတော့ ဆက်လက်ပြီး Support လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Android Authority