Nubia Red Magic 5G ရဲ့ Transparent Edition ဟန်းဆက်ကို မေလ ၃၁ ရက်နေ့က စတင်ရောင်းချခဲ့ပြီး အချိန်တိုအတွင်း အကုန်အစင်ရောင်းချခဲ့ရပါတယ်။ Gaming အသားပေးအမှတ်တံဆိပ်ရဲ့ 5G ဖုန်းသစ်မှာပါဝင်တဲ့ Fan စနစ်ကို သရုပ်ဖော်ပြထားတဲ့ ဗီဒီယိုအလန်းစားတစ်ခု ယနေ့ထွက်ပေါ်လာခဲ့ပြီး မရလိုက်တဲ့သူတွေအတွက်တော့ အားကျစရာပါပဲ။

Gaming အသားပေးဟန်းဆက်ရဲ့နောက်ဘက်က ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းနဲ့ LED မီးတွေက Gaming PC တစ်ခုလို ခံစားရစေပါတယ်။ ဒါ့အပြင် Red Magic 5G ဟာ အအေးပေးစနစ်အတွက် တစ်ပါတည်းတပ်ဆင်ထားတဲ့ Fan အစစ်နဲ့ ရှားရှားပါးပါး Gaming စမတ်ဖုန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့ထွက်လာတဲ့ ဗီဒီယိုမှာ သူ့ရဲ့ အအေးပေး Fan စနစ် အလုပ်လုပ်ပုံကို မြင်သာအောင် ပြသထားတာ တွေ့ရမှာပါ။

သူ့ရဲ့ဖောက်ထွင်းမြင်ရတဲ့ဒီဇိုင်းကြောင့် အပူငွေ့ တဖြစ်လဲ မီးခိုးငွေ့တွေ ဖုန်းကိုယ်ထည်ကို ဖြတ်သန်းသွားတာ သေချာမြင်တွေ့ရပြီး ထူးခြားလှပတဲ့ မြင်ကွင်းကို ဖော်ပြနေပါတယ်။

Nubia ဟာ ဒီဗီဒီယိုကိုတင်လာတာ အကြောင်းရှိပုံရပြီး လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာ Red Magic 5G စမတ်ဖုန်း နောက်ထပ်တစ်သုတ်ကို ရောင်းချလာဦးမှာပါ။ အမြင့်ဆုံးမန်မိုရီ Combo အဖြစ် 16GB RAM / 256GB Storage ဗားရှင်းကိုမြင်တွေ့ရမှာဖြစ်ပြီး ယွမ်ငွေ ၅၂၀၀ (မြန်မာငွေ ဆယ်သိန်းဝန်းကျင်) သတ်မှတ်လာမှာဖြစ်ပါတယ်။

Ref – GSMArena