[Unicode]

Qualcomm က မနေ့ကပဲ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 865 Chipset ကို ချပြခဲ့ပြီး ပွဲဆူစေခဲ့ပါတယ်။ Qualcomm ရဲ့ ကြေညာပွဲအပြီး ၂၄ နာရီအတွင်းမှာ ဖုန်း ကုမ္ပဏီတွေက Snapdragon 865 ပါတဲ့ ဖုန်းကို ထုတ်လုပ်ရောင်းချမယ်လို့ အပြိုင်အဆိုင် ကြေညာလာကြပါတယ်။ Xiaomi , Meizu နဲ့ OPPO တို့က ဒီသတင်းကို အတည်ပြုပြီးပါပြီ။ အခုတော့ Nubia ရဲ့ Gaming Brand ဖြစ်တဲ့ Red Magic ကလည်း နောက်ကျမခံဘဲ 865 Gaming ဖုန်း လာမယ်လို့ ကြေညာလိုက်ပါတယ်။

Red Magic က နောက်ထွက်မယ့် Red Magic 5G ဟာ Dual-mode 5G ပါတဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်တယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Red Magic 3 ကို မေလမှာ ကြေညာခဲ့တဲ့အတွက် ဖုန်း အသစ်ကိုမြင်ရဖို့ ၅ လလောက်ပဲ လိုပါတော့တယ်။

Red Magic 5G မှာ အရင်မျိုးဆက် ပိုမိုကြီးမားတဲ့ ဘက်ထရီ ပါလာနိုင်ပေမယ့် အများကြီး ကြီးမားသွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အရင် မျိုးဆက်မှာ တော်တော်ကြီးတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်ထားလို့ ဖြစ်ပါတယ်။ အရွယ်အစား ပိုကြီးတဲ့ Cooling Pipe ပါလာနိုင်ပြီး အပူချိန်ကို ကောင်းကောင်းထိန်းနိုင်လာတော့မှာပါ။ ပိုမြန်တဲ့ အားသွင်း နည်းပညာ ပါလာနိုင်ပြီး အနောက်ကင်မရာလည်း ၁ လုံးထက်ပိုထည့်သွင်းထားနိုင်ပါတယ်။ Black Shark နဲ့ ASUS တို့ကလည်း 865 ပါတဲ့ Gaming ဖုန်းတွေကို မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Red Magic 5G ဟာ (Dual-mode) Snapdragon 865 ပါတဲ့ ပထမဆံုး Gaming ဖုန္း ျဖစ္မည္

Qualcomm က မေန႔ကပဲ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ Snapdragon 865 Chipset ကို ခ်ျပခဲ့ၿပီး ပြဲဆူေစခဲ့ပါတယ္။ Qualcomm ရဲ႕ ေၾကညာပြဲအၿပီး ၂၄ နာရီအတြင္းမွာ ဖုန္း ကုမၸဏီေတြက Snapdragon 865 ပါတဲ့ ဖုန္းကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ အၿပိဳင္အဆိုင္ ေၾကညာလာၾကပါတယ္။ Xiaomi , Meizu နဲ႔ OPPO တို႔က ဒီသတင္းကို အတည္ျပဳၿပီးပါၿပီ။ အခုေတာ့ Nubia ရဲ႕ Gaming Brand ျဖစ္တဲ့ Red Magic ကလည္း ေနာက္က်မခံဘဲ 865 Gaming ဖုန္း လာမယ္လို႔ ေၾကညာလိုက္ပါတယ္။

Red Magic က ေနာက္ထြက္မယ့္ Red Magic 5G ဟာ Dual-mode 5G ပါတဲ့ ပထမဆံုး Gaming စမတ္ဖုန္းျဖစ္တယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ Snapdragon 865 Chipset ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။ အဲဒီဖုန္းရဲ႕ တျခား သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ Red Magic 3 ကို ေမလမွာ ေၾကညာခဲ့တဲ့အတြက္ ဖုန္း အသစ္ကိုျမင္ရဖို႔ ၅ လေလာက္ပဲ လိုပါေတာ့တယ္။

Red Magic 5G မွာ အရင္မ်ိဳးဆက္ ပိုမိုႀကီးမားတဲ့ ဘက္ထရီ ပါလာႏုိင္ေပမယ့္ အမ်ားႀကီိး ႀကီးမားသြားမွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အရင္ မ်ိဳးဆက္မွာ ေတာ္ေတာ္ႀကီးတဲ့ 5,000mAh ဘက္ထရီ ထည့္သြင္ထားလို႔ ျဖစ္ပါတယ္။ အရြယ္အစား ပိုႀကီးတဲ့ Cooling Pipe ပါလာႏိုင္ၿပီး အပူခ်ိန္ကို ေကာင္းေကာင္းထိန္းႏိုင္လာေတာ့မွာပါ။ ပိုျမန္တဲ့ အားသြင္း နည္းပညာ ပါလာႏိုင္ၿပီး အေနာက္ကင္မရာလည္း ၁ လံုးထက္ပိုထည့္သြင္းထားႏုိင္ပါတယ္။ Black Shark နဲ႔ ASUS တို႔ကလည္း 865 ပါတဲ့ Gaming ဖုန္းေတြကို မၾကာခင္ ေၾကညာႏိုင္ပါတယ္။

Ref : gizmochina