ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစပြီး Nubia Red Magic 5S ရဲ့ သတင်းတွေက ခပ်စိပ်စိပ် ထွက်ပေါ်နေခဲ့တာပါ။ ဒီရက်တွေထဲမှာထွက်ခဲ့တဲ့ သတင်းတွေအရ Red Magic 5S ဟာ UFS 3.1 နဲ့ LPDDR5 RAM ကိုသုံးထားမယ်၊ Silver-plated Cooling System ပါဝင်မယ် လို့ သိရပါတယ်။

Nubia Red Magic 5S ဟာ 144Hz မျက်နှာပြင်နဲ့ဖြစ်ပြီး 240Hz touch sampling rate ဖြစ်တာကြောင့် သူ့အရင်ထွက်ခဲ့တဲ့ နောင်တော်နဲ့ အတူတူပဲလို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် Red Magic 5S မှာ နောက်ထပ်ပိုလာတာက Shoulder button တွေပဲ ဖြစ်ပါတယ်။

ဂိမ်းကစားရာမှာ ပိုပြီးလွယ်ကူကောင်းမွန်စေဖို့နဲ့ ထိန်းချုပ်နိုင်စေဖို့အတွက် ထည့်ပေးလိုက်တဲ့ Shoulder button တွေဟာ 320Hz touch sampling rate ဖြစ်တဲ့အတွက် မျက်နှာပြင်တွေထက်တောင်ပိုပြီး Snappy ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီအတွက် Red Magic team ဟာ Dual-IC ဖြေရှင်းချက်ကို တီထွင်ခဲ့တာဖြစ်ပြီး၊ ဒါကလည်း ထုတ်လုပ်မှုနယ်ပယ်ထဲမှာ ပထမဆုံး ဖြစ်လာပါတယ်။

ဒါ့အပြင် Nubia ဥက္ကဋ္ဌဟာ Silver-plated Cooling System အကြောင်းကိုလည်း အသေးစိတ်မျှဝေခဲ့ပါသေးတယ်။ 5S မှာ 1,500rpm ပန်ကာတစ်ခု ထည့်သွင်းပေးထားမှာဖြစ်ပြီး အပိုဆောင်းအဖြစ် wind Cooling Magic Box ကိုလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါဟာ ပိုကြီးတဲ့ပန်ကာနဲ့ဖြစ်ပေမယ့် ဆူညံသံတော့ ပိုပြီးလျော့နည်းစေသလို၊ လေကိုလည်း ပိုပြီးတွန်းအားပေးနိုင်တဲ့အတွက် Silver layer နဲ့ချိတ်ဆက်ပြီး အပူကူးပြောင်းမှုကို အထောက်အကူဖြစ်စေပါတယ်။ 5S ဟာ Snapdragon 865+ chipset နဲ့ဖြစ်သလို မူပိုင်ခွင့်တင်ထားတဲ့ “Magic Write” နည်းပညာကလည်း Reds နဲ့ Writes ဖြစ်စဉ်တွေကို ပိုပြီး ကောင်းမွန်စေမယ်လို့ သိရပါတယ်။

Ref: GSMArena