Nubia က နောက်မျိုးဆက် Gaming စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ Red Magic 5S လို့ နာမည်ပေးထားပြီး ဒီ ၁ ပတ်အစောပိုင်းမှာ ကုမ္ပဏီရဲ့ ဥက္ကဌ Ni Fei က အဲဒီ ဖုန်းကို ပထမဆုံး အကြိမ် Tease လုပ်ခဲ့ပြီး Snapdragon 865+ Chipset , LPDDR5 RAM နဲ့ UFS 3.1 Storage ပါမယ်ဆိုတာ သိလာခဲ့ပါတယ်။ အခုလည်း အဲဒီဖုန်းရဲ့ Cooling System မှာ Silver Cooling Pad ပါမယ်လို့ အတည်ပြုလိုက်ပြီး အဲဒီ နည်းပညာ ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Cooling System ပါတဲ့ စမတ်ဖုန်း အများစုမှာ Copper Heat Pipe ကို အသုံးပြုထားပြီး Silver ဟာ အပူချိန် စုပ်ယူရာမှာ အရမ်းကို အစွမ်းထက်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အအေးပေး စနစ် ဘယ်လောက် လန်းမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အရမ်းကြီး ကွာခြားမယ်လို့ မထင်ပါဘူး။

Red Magic 5S ရဲ့ အဓိက Specs တွေလည်း ပေါက်ကြားထွက်ပေါ်နေပြီး Red Magic 5G ရဲ့ ဟာ့ဒ်ဝဲ အများစု ပါလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Red Magic 5S မှာ 144Hz Refresh Rate မျက်နှာပြင် ထည့်ထားမှာ ဖြစ်ပြီး 16GB RAM နဲ့ Built-in Cooling Fan ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena