Red Magic က တရုတ်မှာ စွမ်းရည်မြင့် ဖုန်း အသစ်တွေကို ကြေညာလိုက်ပြီး Red Magic 8 Pro နဲ့ 8 Pro+ တို့ ဖြစ်ပါတယ်။ အမိုက်စား Specs တွေနဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။

Red Magic

ဒီဇိုင်း

ဂိမ်း အသားပေး ဒီဇိုင်း ဖြစ်ပြီး အပူချိန်လျှော့ချပေးတဲ့ နည်းပညာ ထည့်သွင်းထားသလို Physical Cooling Fan တပ်ဆင်ထားပါတယ်။ မော်ဒယ် ၂ ခုစလုံးအတွက် အထူးထုတ် Transparent Version ထုတ်လုပ်ပေးထားပြီး ဒီဇိုင်းနဲ့ အရွယ်အစား တူညီပေမယ့် အနောက်ဘက် Panel ကို ဖောက်ထွင်းမြင်ရအောင် ပြုလုပ်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားတဲ့အတွက် All Screen Body ဖြစ်ပါတယ်။ ဂိမ်းအတွက် ဈေးကွက်ထဲမှာ အမြန်ဆုံး 520Hz ဂိမ်း Shoulder Keys တပ်ဆင်ထားပြီး 3.5mm နားကြပ်ပေါက် ပါပါတယ်။

Red Magic

Specs

Red Magic 8 Pro Series ရဲ့ Specs အများစုက တူညီကြပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 SoC မောင်းနှင်ထားပါတယ်။ 8 Pro မှာ 12GB RAM နဲ့ 256GB Storage အထိ၊ 8 Pro+ မှာ 16GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၆.၈ လက်မ OLED 2480x1116p မျက်နှာပြင်နဲ့ 120Hz Refresh Rate တပ်ဆင်ထားပြီး Screen to Body Ratio က ၉၇.၃ ရာခိုင်နှုန်းတောင် ရှိပါတယ်။

nubia announces Red Magic 8 Pro with a 6,000 mAh battery, Pro+ gets 165W fast charge

ဖုန်း ၂ လုံးစလုံးမှာ Snapdragon Sound, 96kHz Lossless Audio နဲ့ 48ms Low Latency ထောက်ပံ့တဲ့ Ultra Linear Dual စတီရီယို စပီကာတွေ တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးရဲ့ ကွာခြားချက်က ဘက်ထရီနဲ့ အားသွင်းနှုန်း ဖြစ်ပါတယ်။ 8 Pro မှာ 80W Fast Charging ပါတဲ့ 6,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ကုမ္ပဏီက ၄၇ နာရီ အသုံးခံတယ်လို့ ပြောပါတယ်။ 8 Pro+ မှာ 165W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ကုမ္ပဏီက ၁၄ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

ဖုန်း ၂ လုံးရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main , 8MP Ultrawide Angle နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ 16MP ဆဲလ်ဖီးကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ Android 13 အခြေပြု Red Magic OS 6.0 မောင်းနှင်ထားပြီး တရုတ်မှာ ၂၈ ရက်နေ့ ရောင်းမှာပါ။

ဈေးနှုန်း

Red Magic 8 Pro

  • 8GB + 128GB – 3,999 Yuan (~$575)
  • 8GB + 256GB – 4,399 Yuan (~$632)
  • 12GB + 256GB – 4,799 Yuan (~$689)
  • Deuterium Transparent Edition (12GB + 256GB) – 4,999 Yuan (~$718)

Red Magic 8 Pro+

  • 12GB + 256GB – 5,199 Yuan (~$747)
  • 16GB + 512GB – 5,799 Yuan (~$833)
  • Deuterium Transparent Edition (12GB + 256GB) – 5,399 Yuan (~$775)
  • Deuterium Transparent Edition (16GB + 512GB) – 5,999 Yuan (~$862)
  • Deuterium Transparent Edition (16GB + 1TB) – 6,999 Yuan (~$1,005)

Ref : gizmochina