Nubia ရဲ့ ဂိမ်း အသားပေး Sub-brand Red Magic က ဒီလ ၂၆ ရက်နေ့မှာ Red Magic 8 Pro ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဖုန်းဟာ 3C နဲ့ TENAA မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး အဓိက Specs နဲ့ ဓါတ်ပုံတွေကို တွေ့ထားပြီးပါပြီ။ အခုတော့ Geekbench ကို ရောက်လာပြီ ဖြစ်ပြီး CPU နဲ့ တခြား Specs တွေကို သိလာရပါပြီ။

Red Magic 8 Pro TENAA images

Geekbench မှာ မော်ဒယ်နံပါတ်က NX729J ဖြစ်ပြီး Snapdragon 8 Gen 2 SoC နဲ့ Adreno 740 GPU ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ Snapdragon 8 Gen 2 ပါတဲ့ ပထမဆုံး Gaming စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ အဲဒီမှာ 12GB RAM Version ၁ မျိုးကိုပဲ ဖော်ပြထားပေမယ့် 16GB RAM Version လည်း ထွက်လာနိုင်ပါတယ်။ Android 13 မောင်းနှင်ထားမယ်လို့ ဖော်ပြထားပါတယ်။

Nubia

Red Magic 8 Pro မှာ ၆.၈ လက်မ 2480x1116p OLED မျက်နှာပြင် တပ်ဆင်ထားမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ TENAA က ဓါတ်ပုံတွေအရ မျက်နှာပြင်မှာ Punch Hole မပါလာပါဘူး။ အဲဒီအတွက် Full Screen အရသာကို ခံစားရမှာပါ။

256GB, 512GB နဲ့ 1TB Storage တွေထည့်သွင်းထားပြီး 8GB, 12GB နဲ့ 16GB RAM ပါလာမှာပါ။ UFS 4.0 Storage နဲ့ LPDDR5x RAM ပါလာနိုင်တဲ့အတွက် ဂိမ်း ကစားရင် အလွန် လျှင်မြန်မှာ ဖြစ်ပါတယ်။

TENAA မှာ 8MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမယ်လို့ ပြောပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultra Wide နဲ့ 2MP Depth / Macro ကင်မရာတွေ တပ်ဆင်ထားမှာပါ။ ဘက်ထရီက 5,000mAh နဲ့ 6,000mAh တွေ ဖြစ်နိုင်ပြီး 3C က စာရင်းအရ 165W Fast Charging ပါလာနိုင်ပါတယ်။

Ref : gizmochina