Zawgyi
Ref: Gizmo China
Unicode
အနီရောင်တောက်တောက် Galaxy S10 နဲ့ S10+ တို့ကို တွေ့မြင်ရတော့မည်
Samsung ရဲ့ Galaxy S10 Series ဟာ 2019 ရဲ့ ဒိဇိုင်းပိုင်းအလှဆုံး ထိပ်တန်း ဖုန်းတွေထဲမှာ တစ်ခု အပါအဝင်ပါပဲ။ ဒီဇိုင်းပိုင်း လှပပြီး အသုံးပြုထားတဲ့ အရောင်တွေကလည်း အတော်လေးလှပါတယ်။ Samsung ဟာ Galaxy S10 နဲ့ S10+ကို အဖြူ၊ အပြာ၊ အနက်၊ အစိမ်းနဲ့ ပန်းရောင်ဆိုပြီး အရောင်စုံ ထုတ်ထားပြီးပါပြီ။ ဒါပေမယ့် ဖုန်းရဲ့ ဒီဇို်င်းကို လုံးဝ ထင်ပေါ်သွားစေမယ့် အရောင်တစ်ခုနဲ့ ထုတ်ဖို့တော့ မေ့နေပုံပေါ်ပါတယ်။ အဲ့တာက အနီရောင်ပါ။ ဖုန်းကို အနီမှ ကြိုက်တဲ့ အနီရောင် ခရေဇီတွေအတွက်ကတော့ သတင်းကောင်းတစ်ခုလာပါပြီ။ Samsung ဟာ Galaxy S10 နဲ့ S10+ ကို Cardinal Red လို့ခေါ်တဲ့ အနီရောင်တစ်မျိုးနဲ့ ထပ်ထုတ်မှာပါတဲ့။
အဆိုပါ သတင်းဟာ Twitter အကောင့် Roland Quandt ကနေ ထွက်ပေါ်လာတာပါ။ အနီရောင် Galaxy S10 အနီရောင်ကို အသေးစိတ်ဖော်ပြထားတဲ့ ပုံတွေနဲ့ အတူထွက်ပေါ်လာတာမို့ Galaxy S10 အနီရဲ့ အနီရောင်ရောင်ဟာ ဘယ်လို အနီရောင််မျိုးလည်းဆိုတာ တွေ့မြင်နိ်ုင်ပါပြီ။ အမှန်တစ်ကယ်တော့ အနီရောင် Galaxy S10 ရဲ့ သတင်းဟာ Galaxy S10 ကို မိတ်မဆက်ခင် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ထွက်ပေါ်ခဲ့တာပါ။ အဲ့အချိန်တုန်းကတော့ Galaxy S10 အနီရဲ့ အနီရောင်ကို Cinnabar Red လို့ခေါ်ခဲ့တာဖြစ်ပြီး အခုထွက်ရှိလာတဲ့ သတင်းအရတော့ Galaxy S10 အနီ ရဲ့ အရောင်ကို Cardinal Red လို့ နာမည်ပေးထားတာ တွေ့ရပါတယ်။
အဆိုပါ Cardinal Red အနီရောင်ဟာ အရင် အနီရောင် Galaxy S9 နဲ့ S9+ တို့မှာ သုံးထားတဲ့ Burgundy Red နဲ့ ကွဲပြားခြားနားနေတာတွေ့ရပါတယ်။ Cardinal Red ဟာ Burgundy Red ထက် ပိုမိုတောက်ပနေတာ တွေ့ရပါတယ်။ ဒါပေမယ့် Rendered ပုံတွေမှာမြင်ရတဲ့ အရောင်နဲ့ အပြင်မှာ မြင်ရတဲ့ အရောင်က အနည်းငယ်ကွဲပြားနေနိုင်ပါတယ်။ Rendered ပုံရိပ်တွေက အရည်အသွေး အတော်လေးကောင်းတဲ့ အတွက် သတင်းတွေက မှန်ကန်နေနိုင်ပါတယ်။ အနီရောင်တောက်တောက်ကိုမှ သဘောကျပြီး Galaxy S10 ဝယ်ဖို့ စဉ်းစားနေတဲ့ သူတွေအတွက်တော့ Cardinal Red Galaxy S10 က မကြာခင် လက်ထဲကို ရောက်လာနိုင်ခြေရှိနေပါပြီ။ Flagship Series ဖုန်း တွေကို အရောင် အသစ်တွေနဲ့ ထပ်ထုတ်လေ့ရှိတဲ့ Samsung ကတော့ သူ့ အစဉ်အလာ မပျက်အောင် ကြိုးစားနေတုန်းပါပဲ။ Samsung ဟာ Galaxy S10 Series ကို Cardinal Red အပြင် တစ်ခြား အရောင်တွေ ထပ်ထုတ်ဖို့ အလားအလာရှိပါသေးတယ်။
Ref: Gizmo China