Redmi ဟာ နိုင်ငံ အနည်းငယ်မှာ Redmi 10 Prime+ 5G အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ ထင်ရပါတယ်။ မကြာခင်ကထွက်လာတဲ့ သတင်းအရ အဲဒီဖုန်းဟာ အသစ်စက်စက် ကြေညာထားတဲ့  Redmi Note 11E 5G ကို နာမည်ပြောင်းထားတာလို့ သိရပါတယ်။ အခုတော့ Tipster Mukul Sharma က အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလာပါတယ်။

Redmi Note 11E 5G and 11E Pro get official in China - GSMArena.com news

သူက Redmi 10 Prime+ 5G မှာ 22.5W Fast Charging Support ပါလာမှာ ဖြစ်ပြီး မကြာခင် အိန္ဒိယမှာ ကြေညာမယ်လို့ ပြောပါတယ်။ ဒါဟာ Note 11E 5G ရဲ့ 18W Fast Charging နဲ့ ကွဲပြားနေပါတယ်။ အဲဒီ ဖုန်းဟာ Note 11E 5G ကို နာမည်ပြောင်းထားတာဖြစ်နိုင်ပေမယ့် Specs တချို့ ကွဲပြားနိုင်ပါတယ်။

Redmi Note 11E 5G and 11E Pro get official in China - GSMArena.com news

လက်ရှိမှာ Redmi 10 Prime+ 5G ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် Indian BIS Certification ကို ရောက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် အိန္ဒိယမှာ ကြေညာမှာ သေချာနေပါတယ်။

Redmi 10 Prime+ 5G ဟာ Note 11E 5G နဲ့ တူမယ်ဆိုရင် ၆.၅၈ လက်မ LCD Full HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာမှာပါ။ MediaTek Dimensity 700 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB RAM အထိ ရွေးချယ်နိုင်ကာ 128GB Storage ထည့်ထားမှာပါ။ တရုတ်က Note 11E 5G မှာ 5,000mAh ဘက်ထရီ ပါလာတဲ့အတွက် Redmi 10 Prime+ 5G မှာလည်း အလားတူပဲ ထည့်ထားနိုင်ပါတယ်။ 50MP Dual ကင်မရာနဲ့ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။

Redmi က အဲဒီ ဖုန်း အကြောင်း ဘာမှ မပြောသေးပေမယ့် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း Teaser တွေကို ချပြလာနိုင်ပါတယ်။

Ref : gizmochina