Xiaomi ဟာ ပြီးခဲ့တဲ့မေလတုန်းက တရုတ်နိုင်ငံစျေးကွက်အတွက် Redmi 10X 4G, 10X 5G နဲ့ 10X Pro 5G ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Redmi 10X Series ဟာ Redmi K30 Series လောက်အောင်မြင်မှုမရရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ Redmi 10X 5G ကို အများဆုံး တရုတ်ယွမ်ငွေ ၄၀၀ (မြန်မာငွေ ၈သောင်း နီးပါး) အထိ စျေးလျော့ပေးလိုက်ပြီဖြစ်ပါတယ်။

အခုအချိန်မှာ Redmi 10X 5G ရဲ့ RAM 6GB + 64GB Storage Version ကို ဝယ်ယူနိုင်တော့မှာမဟုတ်ဘဲ RAM 6GB + 128GB ၊ RAM 8GB + 128GB နဲ့ RAM 8GB + 256GB Version တွေပဲ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စျေးနှုန်းတွေအနေနဲ့ ယခင်တုန်းက 1,799 Yuan (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်)၊ 2,099 Yuan (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ 2,399 Yuan (မြန်မာငွေ ၄ သိန်း ၆ သောင်းဝန်းကျင်) အသီးသီးရှိခဲ့တာကနေ 1,499 Yuan (မြန်မာငွေ ၃ သိန်းဝန်းကျင်) ၊ 1,799 Yuan (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ 1,999 Yuan (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်)ဆိုပြီး လျော့ပေးလိုက်ပြီလို့ သိရပါတယ်။

Redmi 10X 5G စမတ်ဖုန်းဟာ Redmi K30 Series တွေနဲ့ အဓိကကွာခြားတဲ့အချက်က Processor ပိုင်းမှာ Qualcomm Snapdragon Chipset အစား MediaTek ရဲ့ Dimensity 820 Chipset ကို အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 6.57″ AMOLED Display ကိုမှ Waterdrop Notch လည်းပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့လည်း 48MP + 8MP + 2MP Triple Camera Setup အပြင် 16MP Selfie Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတေ့ာ 4520mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကို Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi 10X 5G စမတ်ဖုန်းဟာ အခုလိုမျိုးစျေးနှုန်းကျဆင်းသွားပြီဖြစ်တဲ့အတွက် Redmi K30 Series ဖုန်းတွေထက်တောင် ပိုပြီး ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China