နောက်ထုတ်မယ့် Redmi Note 9 ရဲ့ တရုတ် မော်ဒယ် ဖြစ်နိုင်တဲ့ Redmi 10X ကို အိန္ဒိယရဲ့ BIS မှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ် နံပါတ်ဟာ China TENAA Agency နဲ့ China Telecom Database ကနဲ့တူညီပြီး M2003J15SI ဖြစ်ပါတယ်။ ဒါ့အပြင် Redmi Note 9 ကိုလည်း FCC Database မှာ တွေ့လာရပါတယ်။ ဗားရှင်း ၂ မျိုး ဖြစ်ပြီး ၁ မျိုးက NFC (M2003J15SG) နဲ့ နောက် ၁ မျိုးက NFC မပါတဲ့ (M2003J15SS) တို့ ဖြစ်ပါတယ်။

အရင်က သတင်းတွေအရ Redmi 10X/ Redmi Note 9 မှာ ၆.၅၃ လက်မ IPS LCD FHD+ မျက်နှာပြင် ပါလာနိုင်ပြီး မျက်နှာပြင် ဘယ်ဘက် အထက်မှာ 13MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 48MP Main အပါအဝင် ကင်မရာ ၄ လုံး ပါလာမှာပါ။

စိတ်ဝင်စားစရာ ကောင်းတာက 10X မှာ မကြေညာရသေးတဲ့ Helio G85 Chipset မောင်းနှင်ထားနိုင်ပြီး Helio G80 ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ 6GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားနိုင်ပြီး 4,920mAh ဘက်ထရီ ပါလာမှာပါ။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားမှာပါ။

Ref : gsmarena