Redmi 9 ကို ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ တွေ့မြင်ပြီးရချိန်မှာ အတော်များများရဲ့ စိတ်ဝင်စားမှုက Redmi 9 အပေါ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် Redmi 10X ကလည်း Google Play Console listing မှာ မြင်တွေ့ရကြောင်း သတင်းတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

Redmi 9 ကတော့ Redmi 8 ကို ဆက်ခံမယ့် မျိုးဆက်သစ်အဖြစ် ရှင်းရှင်းလင်းလင်း နားလည်လက်ခံကြမှာဖြစ်ပေမယ့် Redmi 10X ကတော့ အနည်းငယ်ထူးခြားတဲ့ နာမည်လို့ ဆိုရပါလိမ့်မယ်။ Redmi 9 က ဒီနှစ်အတွက် သေချာပေါက် မိတ်ဆက်မယ့် စီးရီးဖြစ်ပြီး Redmi 10X ကလည်း အိန္ဒိယရဲ့ BIS မှာ မှတ်ပုံတင်ပြီးသား ဖြစ်ပါတယ်။

Redmi 10X နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ အတော်များများရှိတဲ့အထဲကမှ စိတ်ဝင်စားစရာ အကောင်းဆုံးက Chipset အပိုင်းပါပဲ။ ကနဦးသတင်းတွေအရ Redmi 10X ဟာ Helio G85 chipset အသုံးပြုထားဖွယ်ရှိတယ်လို့ ခန့်မှန်းဖော်ပြကြပေမယ့် Google Play Console listing မှာတော့ ရှင်းလင်းတဲ့ အဖြေတစ်ခုကို ပြသထားပါတယ်။

Google Console listing အရ Redmi 10X ဟာ ကုဒ်နာမည် “Merlin” နဲ့ဖြစ်ပြီး MediaTek Helio G85 chipset အစား Helio G70 processor ကို အသုံးပြုထားကြောင်း သိရှိလိုက်ရပါတယ်။ ဒါကြောင့် Redmi 10X အနေနဲ့ Redmi Note 9 နဲ့ ကွာခြားတဲ့ အဓိကအချက်ကိုလည်း မြင်တွေ့လာရပြီ ဖြစ်ပါတယ်။

ဒီ Processor ဟာ ဂရပ်ဖစ်တွေကို မြှင့်တင်ပေးတဲ့ Mali G52 GPU နဲ့ တွဲဖက်ထားတာပါ။ Redmi 10X ဟာ အနည်းဆုံးမန်မိုရီအဖြစ် 3GB of RAM အနေနဲ့တွေ့ရပေမယ့် အခြားရွေးချယ်စရာတွေလည်း ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အခုတော့ Redmi 9, Redmi 10X နဲ့ Redmi Note 9 တွေကြားထဲက ကွဲပြားမှုတွေက တဖြည်းဖြည်း ပိုပြီးပေါ်လွင်လာပြီ ဖြစ်ပါတယ်။

Ref: Gizmochina