Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ Redmi Note 9 စီးရီးကို နိုင်ငံတကာမှာ မိတ်ဆက်ခဲ့ပြီးသားဖြစ်ပေမယ့် မိခင်တရုတ်ဈေးကွက်ကိုတော့ မဝင်လာသေးပါဘူး။ တရုတ်အခြေစိုက်ကုမ္ပဏီဟာ Redmi Note 9 ကို Redmi 10X အမည်နဲ့ ပြောင်းလဲမိတ်ဆက်လာမှာဖြစ်ပြီး ယခုထွက်လာတဲ့ တရားဝင်ပိုစတာမှာတော့ Redmi 10X အတွက် မိတ်ဆက်ရက်ကို ဖော်ပြလာခဲ့ပါတယ်။

Redmi 10X ဟာ တရုတ်နိုင်ငံဈေးကွက်ကို မေလ ၂၆ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး Redmi 10X နဲ့အတူ 10X 5G နဲ့ 10X Pro 5G ဆိုတဲ့ ဖုန်းနှစ်လုံးကိုပါ မြင်ရနိုင်ပါတယ်။

LTE ဗားရှင်း Redmi 10X ကတော့ Redmi Note 9 ကို နာမည်ပြောင်းပြီး မိတ်ဆက်လာတာပဲ ဖြစ်မှာပါ။ စိတ်ဝင်စားစရာကောင်းတာက Redmi 10X 5G ဗားရှင်းဖြစ်ပြီး ဒီဖုန်းရဲ့နောက်ဘက်မှာ ကင်မရာသုံးလုံးပါဝင်ကာ Fingerprint ကိုတော့ မတွေ့ရပါဘူး။

Redmi 10X Pro 5G ဖုန်းကတော့ နောက်ဘက်မှာ ကင်မရာလေးလုံးပဲ ပါဝင်လာပြီး စတုဂံပုံသဏ္ဍာန် ကင်မရာ Module ထဲမှာ LED Flash ကိုမြင်ရပါတယ်။ ပုံတွေထဲမှာ Fingerprint ကို ဘေးဘက်က ပါဝါခလုပ်နဲ့ တစ်ခုတည်း ရောထည့်လာဖို့ မရှိတာကိုတွေ့ရတဲ့အတွက် 5G ဖုန်းနှစ်လုံးမှာ OLED Display ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Ref – GSMArena