Xiaomi က ပူပူနွေးနွေး ကြေညာထားတဲ့ Redmi 10X ကို တရုတ်မှာ စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ၅ မိနစ်အတွင်း ယွမ် သန်း ၁၀၀ ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာငွေနဲ့တွက်ရင် သန်း ၂ သောင်းဖိုးလောက် ရှိတဲ့အတွက် ရောင်းအားက လန်ထွက်နေပါတယ်။ ဒါဟာ Redmi 10X 5G ရဲ့ ရောင်းအား ဖြစ်ပြီး Redmi 10X 4G ကိုတော့ ပြီးခဲ့တဲ့ ၁ ပတ်ထဲက ရောင်းပေးထားတာပါ။

Mi.com မှာ ဈေးအချိုဆုံး 6/64GB Version  ဟာ ပစ္စည်းပြတ်နေပြီး 6/128GB နဲ့ 8/128GB Version တွေ ကျန်ပါသေးတယ်။ Suning မှာ 6/64GB Version ရောင်းဖို့ ရှိသေးပြီး ၁,၆၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်း ၁ သောင်းလောက်ပဲရှိပါတယ်။ JD မှာတော့ ပစ္စည်းလုံးဝ ပြတ်သွားပါပြီ။

အဲဒီ ငွေပမာဏကို တွက်ကြည့်ရင် Redmi 10X အလုံးရေ ၅၀,၀၀၀ လောက် ‌ရောင်းချရတာ ဖြစ်နိုင်ပါတယ်။ Memory Configuration ပေါ်မူတည်ပြီး အလုံးရေ ထောင်ဂဏန်းလောက်ပဲ ကွဲလွဲနိုင်ပါတယ်။ Redmi 10X Pro 5G ကို ဇွန်လ ၆ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပြီး Redmi 10X လိုပဲ ရောင်းအား လန်းနိုင်ပါတယ်။ Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၂၃၀ ယွမ်နဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၄ သိန်း ၃ သောင်းလောက်ကျသင့်မှာပါ။

Pro Version မှာ 8MP 3x Telephoto ကင်မရာ ၊ 5MP Macro ကင်မရာတွေ ထည့်ထားပြီး ဆဲလ်ဖီး ကင်မရာက ပိုလန်းပါတယ်။ 33W Fast Charging ပါလာပြီး ရိုးရိုးမော်ဒယ်မှာ 22.5W Fast Charging ပဲ ထည့်ထားပါတယ်။

Ref : gsmarena