Redmi 10X ဟာ MediaTek Dimensity 820 Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ အဲဒီ Chip ဟာ Dual SIM ကို ထောက်ပံ့ပြီး SIM Slot ၂ ခုစလုံးက 5G ကို  တစ်ပြိုင်နက် ထောက်ပံ့ပေးနိုင်ပါတယ်။ အဲဒီအတွက် 5G လိုင်းကောင်းတဲ့ SIM Card ကို လွယ်လွယ်ကူကူ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းရဲ့ Teaser တွေကို မျှဝေနေပြီး မေလ ၂၆ ရက်နေ့မှာ တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။

Redmi 10X မှာ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး ဈေးချိုတဲ့ စမတ်ဖုန်းမှာ AMOLED မျက်နှာပြင် ပါလာတာက ထူးခြားပါတယ်။ Always On Display  လုပ်ဆောင်ချက်ပါလာမှာ ဖြစ်ပြီး Text , Patterns တွေကို ကြိုက်သလို Customize ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။   အချိန်နဲ့ Notification တွေ အပြင် ဓါတ်ပုံတွေကိုပါ ထည့်သွင်းနိုင်မှာပါ။

Customize လုပ်နိုင်တဲ့ Option ကို အောက်က Teaser ဗီဒီယိုမှာ လေ့လာနိုင်မှာ ဖြစ်ပြီး Redmi 10X မှာ MIUI 12 ရဲ့ Super Wallpapers တွေ ပါလာမှာပါ။ Dimensity 820 Chipset က အဆင့်မြင့် ဆက်သွယ်မှုကို ပံ့ပိုးပေးနိုင်သလို စွမ်းရည်မြင့်မားပါတယ်။ ဖုန်းရဲ့ ဈေးကို မသိရသေးဘဲ Redmi 10X 5G နဲ့ 10X Pro 5G မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားနိုင်ပါတယ်။

Ref : gsmarena