Redmi Note 9 စီးရီးဟာ တရုတ်နိုင်ငံဈေးကွက်မှာ ကြေညာခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်လိုက်တဲ့ အခြား Device ကတော့ Redmi 10X လို့ ဆိုရမှာပါ။ Redmi 10X ဟာ တရုတ်နိုင်ငံဈေးကွက်မှာ သိပ်မကြာခင်အချိန်အတွင်း ဖြန့်ချိဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

တရားဝင်မိတ်မဆက်ခင်မှာ Redmi 10X ရဲ့ အရောင်တွေအကြောင်းနဲ့ အခြားအချက်အလက်အချို့အကြောင်း ပေါက်ကြားထွက်ပေါ်လာပြန်ပါတယ်။ ဒီပေါက်ကြားမှုက Ishan Agarwal နဲ့ 91Mobiles တို့ကတစ်ဆင့် ထွက်ပေါ်လာတာပါ။ ဒါကြောင့် Redmi 10X ကို 4G နဲ့ 5G ဆိုပြီး နှစ်မျိုးခွဲခြားထုတ်လုပ်မယ်ဆိုတဲ့အကြောင်းနဲ့ မတူညီဘဲ ကွဲပြားခြားနားတဲ့ ပုံစံတွေအကြောင်းလည်း သိလိုက်ကြရပါတယ်။

Redmi 10X 4G ဟာ 4GB+128GB နဲ့ 6GB+128GB ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးရှိပါလိမ့်မယ်။ အရောင်တွေအဖြစ် White, Sky blue နဲ့ Green ဆိုပြီး သုံးရောင် ရရှိမှာပါ။ 6.53-inch ဖြစ်ပြီး ထောင့်ဘက်မှာတော့ Punch-hole နဲ့အတူ 13MP selfie ကင်မရာတစ်လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Helio G70 processor နဲ့ဖြစ်သလို ကျောဘက်မှာ 48MP အဓိကင်မရာအပါအဝင် ကင်မရာလေးလုံး တပ်ဆင်ပေးထားမှာဖြစ်ပြီး ဘက်ထရီပမာဏကတော့ 5,020mAh ဖြစ်ပါတယ်။

Redmi 10X 5G ကိုတော့ 6GB+128GB, 8GB+128GB နဲ့ 8GB+256GB ဆိုပြီး သုံးမျိုးရွေးချယ်နိုင်ပါလိမ့်မယ်။ Dark Blue, Violet, Gold နဲ့ Silver ဆိုပြီး အရောင်လေးမျိုးရှိပါတယ်။ Redmi 10X 5G နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကို မသိရတော့ပေမယ့် Redmi 10X Pro 5G အမျိုးအစားကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်နေပါသေးတယ်။

Redmi 10X Pro 5G အမျိုးအစားမှာတော့ 8GB of RAM ကို 128GB ဒါမှမဟုတ် 256GB storage ဆိုပြီး နှစ်မျိုးနှစ်စား ရွေးနိုင်မယ်လို့ ဆိုပါတယ်။ Dark Blue, Violet, Gold, Silver/White စတဲ့ အရောင်တွေလည်း ရရှိမယ်လို့ ဆိုပါတယ်။

Ref: Gizmochina