Xiaomi ကုမ္ပဏီကနေ Xiaomi Redmi 5 နဲ့ Redmi 5 Plus ကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကြေငြာသွားမယ်လို့ တရားဝင်ပြောကြားလိုက်ပါတယ်။ အဆိုပါ Redmi 5 နဲ့ Redmi 5 Plus ဖုန်းတွေက လက်ရှိမှာ ခေတ်စားနေတဲ့ 18:9 Ratio Screen အပြည့် Display တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Redmi 5 စမတ်ဖုန်းမှာ ၅.၇ လက်မအရွယ် 18:9 Ratio HD+ Resolution Display ကိုသုံးလာမှာဖြစ်ပြီးတော့ Snapdragon Octa Core Processor ပါဝင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ RAM 2GB, 3GB, 4GB ဆိုပြီး ပါဝင်မှာဖြစ်ပြီး Storage ကလည်း 16GB, 32GB နဲ့ 64GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ 12 MP Back Camera နဲ့ 5MP Front Selfie Camera ပါဝင်လာမှာဖြစ်ပါတယ်။ မျှော်လင့်ထားသလို Dual Camera စနစ်တော့ မဟုတ်ပြန်ပါဘူး။ Battery ကတော့ 3200mAh ပဲ ပါဝင်လာမှာဖြစ်ပါတယ်။

အဆိုပါ Redmi 5 ဖုန်းကို ဈေးနှုန်းအနေနဲ့ မြန်မာငွေကျပ် ၂ သိန်းအောက်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပြီး Redmi 5 Plus ကတော့ အနည်းငယ် ပိုများလောက်တယ်လို့ ခန့်မှန်းရပါတယ်။