[Zawgyi]

Xiaomi က ေနာက္ဆံုးထုတ္ အလန္းစား MIUI 11 ကို ျဖန္႔ခ်ိေပးေနပါၿပီ။ အခုေတာ့ Redmi Note 5 နဲ႔ Redmi 5 အတြက္ MIUI 11 Stable Update ရရွိသြားပါၿပီ။ IThomes က Redmi 5 နဲ႔ Redmi Note 5 ကိုင္ထားတဲ့ သူေတြမွာ MIUI 11 Stable Update ရေနၿပီဆိုတာ သတင္းေပးထားတာပါ။ အဲဒီ ဖုန္း ၂ လံုးစလံုးရသြားတာက MIUI V11.0.1 Stable ROM ျဖစ္ၿပီး စိတ္မေကာင္းစရာကေတာ့ Android 9 ပဲ ျဖစ္ေနေသးတာပါ။ Update ရဲ႕ အရြယ္အစားက Redmi Note 5 အတြက္ 677MB နဲ႔ Redmi 5 အတြက္ 591MB ျဖစ္ပါတယ္။

အဲဒီ ဖုန္းေတြအတြက္ Android 10 မရေသးေပမယ့္ MIUI 11 မွာ အလန္းစား လုပ္ေဆာင္ခ်က္ေတြ ပါလာပါတယ္။ Dark Mode က စာဖတ္ရင္၊ ရုပ္ရွင္၊ ဗီဒီယိုၾကည့္ရင္ အရမ္းမိုက္ပါတယ္။ အိုင္ကြန္အသစ္ေတြရဲ႕ ဒီဇိုင္းက အလန္းစား ျဖစ္ၿပီး  Animations ေတြက ပိုမိုေခ်ာမြတ္လာပါတယ္။ Themes , Wallpapers အသစ္ေတြ ထည့္ထားၿပီး Notification System က ပိုတိုးတက္လာပါတယ္။

Ultra Power Saving Mode က ဘက္ထရီသက္တမ္းကို ဆြဲဆန္႔ေပးႏိုင္ပါတယ္။ Kids Mode က ကေလးေတြကို ေပးသံုးမယ့္ Apps ေတြကို မိဘေတြက သတ္မွတ္ထားႏုိင္ပါတယ္။  စမတ္ဖုန္း အသံုးျပဳမႈကို ေလ့လာတြက္ခ်က္ေပးႏိုင္ၿပီး အလြန္အကြ်ံ မသံုးမိေအာင္ အၾကံေပးႏုိင္ပါတယ္။ ငလ်င္လႈပ္တာကို သတိေပးႏိုင္တဲ့ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

ေနာက္ထပ္လန္းလာတာက အသံ အရည္အေသြး ျဖစ္ၿပီး သဘာ၀က်တဲ့ အသံ Effects နဲ႔ Alarms ေတြ ထည့္သြင္းထားပါတယ္။ Mi Go Travel Suite အသစ္ပါလာၿပီး ေလယာဥ္၊ ဘတ္စ္ကားနဲ႔ ရထား လက္မွတ္ေတြကို Booking ျပဳလုပ္ႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Redmi 5 နဲ့ Redmi Note 5 အတွက် MIUI 11 Stable ရပြီ

Xiaomi က နောက်ဆုံးထုတ် အလန်းစား MIUI 11 ကို ဖြန့်ချိပေးနေပါပြီ။ အခုတော့ Redmi Note 5 နဲ့ Redmi 5 အတွက် MIUI 11 Stable Update ရရှိသွားပါပြီ။ IThomes က Redmi 5 နဲ့ Redmi Note 5 ကိုင်ထားတဲ့ သူတွေမှာ MIUI 11 Stable Update ရနေပြီဆိုတာ သတင်းပေးထားတာပါ။ အဲဒီ ဖုန်း ၂ လုံးစလုံးရသွားတာက MIUI V11.0.1 Stable ROM ဖြစ်ပြီး စိတ်မကောင်းစရာကတော့ Android 9 ပဲ ဖြစ်နေသေးတာပါ။ Update ရဲ့ အရွယ်အစားက Redmi Note 5 အတွက် 677MB နဲ့ Redmi 5 အတွက် 591MB ဖြစ်ပါတယ်။

အဲဒီ ဖုန်းတွေအတွက် Android 10 မရသေးပေမယ့် MIUI 11 မှာ အလန်းစား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Dark Mode က စာဖတ်ရင်၊ ရုပ်ရှင်၊ ဗီဒီယိုကြည့်ရင် အရမ်းမိုက်ပါတယ်။ အိုင်ကွန်အသစ်တွေရဲ့ ဒီဇိုင်းက အလန်းစား ဖြစ်ပြီး Animations တွေက ပိုမိုချောမွတ်လာပါတယ်။ Themes , Wallpapers အသစ်တွေ ထည့်ထားပြီး Notification System က ပိုတိုးတက်လာပါတယ်။

Ultra Power Saving Mode က ဘက်ထရီသက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါတယ်။ Kids Mode က ကလေးတွေကို ပေးသုံးမယ့် Apps တွေကို မိဘတွေက သတ်မှတ်ထားနိုင်ပါတယ်။ စမတ်ဖုန်း အသုံးပြုမှုကို လေ့လာတွက်ချက်ပေးနိုင်ပြီး အလွန်အကျွံ မသုံးမိအောင် အကြံပေးနိုင်ပါတယ်။ ငလျင်လှုပ်တာကို သတိပေးနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

နောက်ထပ်လန်းလာတာက အသံ အရည်အသွေး ဖြစ်ပြီး သဘာဝကျတဲ့ အသံ Effects နဲ့ Alarms တွေ ထည့်သွင်းထားပါတယ်။ Mi Go Travel Suite အသစ်ပါလာပြီး လေယာဉ်၊ ဘတ်စ်ကားနဲ့ ရထား လက်မှတ်တွေကို Booking ပြုလုပ်နိုင်ပါတယ်။

Ref : gizmochina