Zawgyi Font Version

Xiaomi ဟာ သူ႔ရဲ႕ Device ေတြ ေတာ္ေတာ္မ်ားမ်ားအတြက္ MIUI 10 Global Stable Update ရဖို႔ ၾကိဳးစားလ်က္ရွိပါတယ္။ ပထမဆံုး MIUI 10 ROM ကို China Beta Version အေနနဲ႔ ေမလကတည္းက တရုတ္ျပည္တြင္းမွာ စတင္မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ဂြ်န္လမွာေတာ့ Global Beta Version အေနနဲ႔ ထုတ္ေပးခဲ့ပါတယ္။ ေနာက္ဆံုးထြက္ MIUI 10 မွာဆိုရင္ Full-Screen Gesture ေတြ၊ AI-Powered Camera နဲ႔ ဒီဇိုင္းအသစ္နဲ႔ Recent Apps Overview အစရွိတဲ့ Feature အသစ္ေတြနဲ႔ ျပဳျပင္ေျပာင္းလဲမွုမ်ားစြာကို ေတြ႔ရွိရမွာပါ။

MIUI 10 ဟာဆိုရင္ Mi 8, Mi Mix 2S, Mi 8 SE နဲ႔ တစ္ျခား Xiaomi Device ေတြအတြက္ ထြက္ရွိလို႔ေနပါျပီ။ ဒီေန႔မွာေတာ့ Redmi Note 5 (ေခၚ) Redmi 5 Plus (ျပည္တြင္းမွာ Redmi 5 Plus လို႔ေခၚျပီး အိႏၵိယမွာေတာ့ Redmi Note 5 လို႔ေခၚပါတယ္) အတြက္ MIUI 10 Global Stable Version ထြက္ရွိလို႔ပါျပီ။ ထြက္ရွိလာတဲ့ MIUI 10 Update ဟာ Android 8.1 Oreo ကို အေျခခံထားပါတယ္။ Global Version ျဖစ္ျပီးေတာ့ Bootloader Unlock မလုပ္ထားရင္ေတာ့ China အလံုးေတြမွာသြင္းလို႔မရပါဘူး။ Global Version ျဖစ္လို႔ Google Play Store နဲ႔ Google Service ေတြတစ္ခါတည္းပါျပီး သပ္သပ္ထပ္ထည့္စရာမလိုပါဘူး။

အဆိုပါ Update ကို မိမိ MIUI Update ထဲကေနဝင္ေရာက္စစ္ၾကည့္ႏိုင္ပါတယ္။ OTA Update မရေသးတဲ့သူေတြအတြက္ေတာ့ ၾကိဳျပီး အသံုးျပဳခ်င္ရင္လည္း ေအာက္က Link ကေနေဒါင္းျပီး MIUI Updater ကေနတစ္ဆင့္ သြင္းႏိုင္ပါတယ္။ Official Stable Version ျဖစ္တဲ့ အတြက္ Error ေတြ Bug ေတြမပါဝင္ပဲ စိတ္ခ်လက္ခ်အသံုးျပဳႏိုင္ပါတယ္။ Update မလုပ္ခင္ မိမိဖုန္းက Global အလံုးလား China အလံုးလားဆိုတာ ေသခ်ာစစ္ေပးဖို႔ေတာ့ လိုပါလိမ့္မယ္။

အခုလက္ရွိမွာ Global Stable ROM ေတြကို Xiaomi Mi Mix 2S, Mi 8, Mi 5, Mi 6, Mi Mix, Mi Mix 2, Mi Note 2 နဲ႔ Redmi Note 5 Pro (ေခၚ) Redmi Note 5 တို႔မွာ ရရွိေနပါျပီ။ က်န္တဲ့ Device ေတြအတြက္ေတာ့ ႏွစ္ကုန္ပိုင္းေလာက္ရရွိမယ္လို႔ ခန္႔မွန္းရရွိထားျပီး Mi 8 SE အတြက္ေတာ့ Global ROM ထြက္ရွိလာမွာ မဟုတ္ဘူးလို႔သိရပါတယ္။

>>>Download MIUI 10 Global Stable for Redmi 5 Plus<<<

Ref: XDA

Unicode Version

Xiaomi ဟာ သူ့ရဲ့ Device တွေ တော်တော်များများအတွက် MIUI 10 Global Stable Update ရဖို့ ကြိုးစားလျက်ရှိပါတယ်။ ပထမဆုံး MIUI 10 ROM ကို China Beta Version အနေနဲ့ မေလကတည်းက တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဂျွန်လမှာတော့ Global Beta Version အနေနဲ့ ထုတ်ပေးခဲ့ပါတယ်။ နောက်ဆုံးထွက် MIUI 10 မှာဆိုရင် Full-Screen Gesture တွေ၊ AI-Powered Camera နဲ့ ဒီဇိုင်းအသစ်နဲ့ Recent Apps Overview အစရှိတဲ့ Feature အသစ်တွေနဲ့ ပြုပြင်ပြောင်းလဲမှုများစွာကို တွေ့ရှိရမှာပါ။

MIUI 10 ဟာဆိုရင် Mi 8, Mi Mix 2S, Mi 8 SE နဲ့ တစ်ခြား Xiaomi Device တွေအတွက် ထွက်ရှိလို့နေပါပြီ။ ဒီနေ့မှာတော့ Redmi Note 5 (ပြည်တွင်းမှာ Redmi 5 Plus လို့ခေါ်ပြီး အိန္ဒိယမှာတော့ Redmi Note 5 လို့ခေါ်ပါတယ်) ခေါ် Redmi 5 Plus အတွက် MIUI 10 Global Stable Version ထွက်ရှိလို့ပါပြီ။ ထွက်ရှိလာတဲ့ MIUI 10 Update ဟာ Android 8.1 Oreo ကို အခြေခံထားပါတယ်။ Global Version ဖြစ်ပြီးတော့ Bootloader Unlock မလုပ်ထားရင်တော့ China အလုံးတွေမှာသွင်းလို့မရပါဘူး။ Global Version ဖြစ်လို့ Google Play Store နဲ့ Google Service တွေတစ်ခါတည်းပါပြီး သပ်သပ်ထပ်ထည့်စရာမလိုပါဘူး။

အဆိုပါ Update ကို မိမိ MIUI Update ထဲကနေဝင်ရောက်စစ်ကြည့်နိုင်ပါတယ်။ OTA Update မရသေးတဲ့သူတွေအတွက်တော့ ကြိုပြီး အသုံးပြုချင်ရင်လည်း အောက်က Link ကနေဒေါင်းပြီး MIUI Updater ကနေတစ်ဆင့် သွင်းနိုင်ပါတယ်။ Official Stable Version ဖြစ်တဲ့ အတွက် Error တွေ Bug တွေမပါဝင်ပဲ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ Update မလုပ်ခင် မိမိဖုန်းက Global အလုံးလား China အလုံးလားဆိုတာ သေချာစစ်ပေးဖို့တော့ လိုပါလိမ့်မယ်။

အခုလက်ရှိမှာ Global Stable ROM တွေကို Xiaomi Mi Mix 2S, Mi 8, Mi 5, Mi 6, Mi Mix, Mi Mix 2, Mi Note 2 နဲ့ Redmi Note 5 Pro (ခေါ်) Redmi Note 5 တို့မှာ ရရှိနေပါပြီ။ ကျန်တဲ့ Device တွေအတွက်တော့ နှစ်ကုန်ပိုင်းလောက်ရရှိမယ်လို့ ခန့်မှန်းရရှိထားပြီး Mi 8 SE အတွက်တော့ Global ROM ထွက်ရှိလာမှာ မဟုတ်ဘူးလို့သိရပါတယ်။

>>>Download MIUI 10 global Stable for Redmi 5 Plus<<<

Ref: XDA