[Zawgyi]

ေမာ္ဒယ္နံပါတ္ M1908C3IC အမည္ရွိ Redmi စမတ္ဖုန္းတစ္လုံးရဲ႕ ဓာတ္ပုံဟာ TENAA ကေနတဆင့္ မေန႔တုန္းက ထြက္ေပၚခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက အဆိုပါ စမတ္ဖုန္းရဲ႕ ဓာတ္ပုံကိုသာ ျမင္ေတြ႕ခဲ့ရၿပီး Specifications ေတြကို မသိရွိခဲ့ရပါဘူး။ ဒါေပမယ့္ ယခုအခါမွာေတာ့ Specifications ေတြပါ ေပၚထြက္လာပါၿပီ။

ေပါက္ၾကားထြက္ေပၚလာတဲ့ အခ်က္အလက္ေတြအရ Redmi M1908C3IC စမတ္ဖုန္းမွာ 6.2” Display ကို အသုံးျပဳထားၿပီး Waterdrop Notch Display ဒီဇိုင္းနဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ 2.0GHz Octa-core Processor ကို အသုံးျပဳထားကာ RAM 2GB, 3GB, နဲ႔ 4GB ဆိုၿပီး ၃မ်ိဴး ထုတ္လုပ္ထားမွာပါ။ Memory Storage ကိုလည္း 16GB, 32GB နဲ႔ 64GB ဆိုၿပီး ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။ RAM နဲ႔ Storage Option ေတြကို ၾကည့္ျခင္းအားျဖင့္ အဆိုပါ စမတ္ဖုန္းဟာ Budget Phone အမ်ိဴးအစားျဖစ္မယ္ဆိုတာ သိႏိုင္ပါတယ္။

ဒါေပမယ့္ အားရစရာေကာင္းတာက ထည့္သြင္းထားမယ့္ ဘက္ထရီ ပမာဏပါ။ 5000mAh ဘက္ထရီႀကီးကို ထည့္သြင္းထားတယ္လို႔ သိရၿပီး အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားတယ္လို႔ ဆိုပါတယ္။ ဒါဆိုရင္ေတာ့ Redmi စမတ္ဖုန္းေတြထဲမွာ ဘက္ထရီအမ်ားဆုံးပါတဲ့ ေမာ္ဒယ္ျဖစ္လာမွာပါ။

ေနာက္ေက်ာဘက္မွာ Dual Camera Setup ကို Fingerprint Sensor နဲ႔အတူ ေဒါင္လိုက္တပ္ဆင္ထားတာ ေတြ႕ရၿပီး Main Camera က 12MP Sensor ျဖစ္တယ္လို႔ သိရပါတယ္။ Secondary Sensor ရဲ႕ အခ်က္အလက္ကို အတိအက်မသိရေသးေပမယ့္ Depth Sensor ျဖစ္ဖို႔မ်ားပါတယ္။ Selfie Camera ကေတာ့ 8MP Sensor ပါ။ Redmi M1908C3IC ရဲ႕ နာမည္ကို အတိအက် မသိရေသးေပမယ့္ Gizmochina ကေတာ့ Redmi 8 ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားပါတယ္။

Ref : Gizmochina

[Unicode]

5000mAh ဘက်ထရီကြီးပါတဲ့ Redmi ဖုန်း TENAA မှာ ထွက်ပေါ်

မော်ဒယ်နံပါတ် M1908C3IC အမည်ရှိ Redmi စမတ်ဖုန်းတစ်လုံးရဲ့ ဓာတ်ပုံဟာ TENAA ကနေတဆင့် မနေ့တုန်းက ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အဆိုပါ စမတ်ဖုန်းရဲ့ ဓာတ်ပုံကိုသာ မြင်တွေ့ခဲ့ရပြီး Specifications တွေကို မသိရှိခဲ့ရပါဘူး။ ဒါပေမယ့် ယခုအခါမှာတော့ Specifications တွေပါ ပေါ်ထွက်လာပါပြီ။

ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Redmi M1908C3IC စမတ်ဖုန်းမှာ 6.2” Display ကို အသုံးပြုထားပြီး Waterdrop Notch Display ဒီဇိုင်းနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် 2.0GHz Octa-core Processor ကို အသုံးပြုထားကာ RAM 2GB, 3GB, နဲ့ 4GB ဆိုပြီး ၃မျိူး ထုတ်လုပ်ထားမှာပါ။ Memory Storage ကိုလည်း 16GB, 32GB နဲ့ 64GB ဆိုပြီး ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ RAM နဲ့ Storage Option တွေကို ကြည့်ခြင်းအားဖြင့် အဆိုပါ စမတ်ဖုန်းဟာ Budget Phone အမျိူးအစားဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်။

ဒါပေမယ့် အားရစရာကောင်းတာက ထည့်သွင်းထားမယ့် ဘက်ထရီ ပမာဏပါ။ 5000mAh ဘက်ထရီကြီးကို ထည့်သွင်းထားတယ်လို့ သိရပြီး အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ Redmi စမတ်ဖုန်းတွေထဲမှာ ဘက်ထရီအများဆုံးပါတဲ့ မော်ဒယ်ဖြစ်လာမှာပါ။

နောက်ကျောဘက်မှာ Dual Camera Setup ကို Fingerprint Sensor နဲ့အတူ ဒေါင်လိုက်တပ်ဆင်ထားတာ တွေ့ရပြီး Main Camera က 12MP Sensor ဖြစ်တယ်လို့ သိရပါတယ်။ Secondary Sensor ရဲ့ အချက်အလက်ကို အတိအကျမသိရသေးပေမယ့် Depth Sensor ဖြစ်ဖို့များပါတယ်။ Selfie Camera ကတော့ 8MP Sensor ပါ။ Redmi M1908C3IC ရဲ့ နာမည်ကို အတိအကျ မသိရသေးပေမယ့် Gizmochina ကတော့ Redmi 8 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။

Ref : Gizmochina