[Zawgyi]

Xiaomi ဟာ Redmi စီးရီးေတြကို Sub-brand အျဖစ္ ခြဲထုတ္ေတာ့မယ္ဆိုတဲ့ အေၾကာင္းကို ဒီတပတ္အေစာပိုင္းတုန္းက ေၾကညာခဲ့ပါတယ္။ အရင္တုန္းက Redmi စမတ္ဖုန္းေတြကို Xiaomi က ကိုင္တြယ္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး တန္ဖိုးနည္း စမတ္ဖုန္းေတြအျဖစ္ လူသိမ်ားခဲ့ပါတယ္။ ယခုအခါမွာေတာ့ Huawei ရဲ႕ Honor, Oppo ရဲ႕ Realme တို႔လိုမ်ိဴး Sub-brand ေတြအျဖစ္ Xaiomi က Redmi စီးရီးကို ခြဲထုတ္ေတာ့မွာ ျဖစ္ပါတယ္။

Redmi အျဖစ္ သီးသန္႔ရပ္တည္ျခင္း အထိမ္းအမွတ္နဲ႔အတူ အသစ္စက္စက္ Redmi စမတ္ဖုန္းေတြကို လာမယ့္ ဇန္နဝါရီလ ၁၀ရက္ေန႔မွာ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ ဘာဖုန္းလဲဆိုတာ တိတိက်က် မသိရေသးေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ Redmi 7 စီးရီး ျဖစ္ႏိုင္ေၾကာင္း ထင္ေၾကးေပးေနၾကပါတယ္။

ဒီေန႔မွာလည္း TENAA ကေနတစ္ဆင့္ Redmi ေမာ္ဒယ္ ၃မ်ိဴးရဲ႕ ဒီဇိုင္းနဲ႔ Spcecifications တခ်ိဴ႕ ေပၚထြက္လာျပန္ပါတယ္။ အေစာပိုင္းက ၾကားသိခဲ့ရတဲ့ ေကာလဟလ သတင္းေတြလိုမ်ိဴး Display Hole နဲ႔ မဟုတ္ဘဲ Waterdrop Style Notch Display နဲ႔ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာေတာ့ Dual Camera Setup နဲ႔ Fingerprint Sensor ကို ျမင္ေတြ႕ရပါတယ္။ အဆိုပါ Dual Camera Setup ထဲမွာ တပ္ဆင္ထားတဲ့ Mian Camera ဟာ 48M Camera Sensor ျဖစ္တယ္လို႔ သိရပါတယ္။

Processor အပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 675 SoC ကို အသုံးျပဳထားႏိုင္ၿပီး ဘက္ထရီသိုေလွာင္မႈ ပမာဏ 4000mAh အထိ ပါဝင္လာႏိုင္ပါတယ္။ Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun ကေတာ့ Redmi စီးရီးေတြကို ေပးရတဲ့ ေစ်းနဲ႔တန္တဲ့ စမတ္ဖုန္းအမ်ိဴးအစားေတြျဖစ္ေအာင္ အေလးေပး လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားထားပါတယ္။

Ref : Gadgets.ndtv

[Unicode]

မိတ်မဆက်ခင်မှာ ပေါ်ထွက်လာပြန်တဲ့ Redmi 7

Xiaomi ဟာ Redmi စီးရီးတွေကို Sub-brand အဖြစ် ခွဲထုတ်တော့မယ်ဆိုတဲ့ အကြောင်းကို ဒီတပတ်အစောပိုင်းတုန်းက ကြေညာခဲ့ပါတယ်။ အရင်တုန်းက Redmi စမတ်ဖုန်းတွေကို Xiaomi က ကိုင်တွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တန်ဖိုးနည်း စမတ်ဖုန်းတွေအဖြစ် လူသိများခဲ့ပါတယ်။ ယခုအခါမှာတော့ Huawei ရဲ့ Honor, Oppo ရဲ့ Realme တို့လိုမျိူး Sub-brand တွေအဖြစ် Xaiomi က Redmi စီးရီးကို ခွဲထုတ်တော့မှာ ဖြစ်ပါတယ်။

Redmi အဖြစ် သီးသန့်ရပ်တည်ခြင်း အထိမ်းအမှတ်နဲ့အတူ အသစ်စက်စက် Redmi စမတ်ဖုန်းတွေကို လာမယ့် ဇန်နဝါရီလ ၁၀ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘာဖုန်းလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် လူတော်တော်များများကတော့ Redmi 7 စီးရီး ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။

ဒီနေ့မှာလည်း TENAA ကနေတစ်ဆင့် Redmi မော်ဒယ် ၃မျိူးရဲ့ ဒီဇိုင်းနဲ့ Spcecifications တချိူ့ ပေါ်ထွက်လာပြန်ပါတယ်။ အစောပိုင်းက ကြားသိခဲ့ရတဲ့ ကောလဟလ သတင်းတွေလိုမျိူး Display Hole နဲ့ မဟုတ်ဘဲ Waterdrop Style Notch Display နဲ့ဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ Dual Camera Setup နဲ့ Fingerprint Sensor ကို မြင်တွေ့ရပါတယ်။ အဆိုပါ Dual Camera Setup ထဲမှာ တပ်ဆင်ထားတဲ့ Mian Camera ဟာ 48M Camera Sensor ဖြစ်တယ်လို့ သိရပါတယ်။

Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 675 SoC ကို အသုံးပြုထားနိုင်ပြီး ဘက်ထရီသိုလှောင်မှု ပမာဏ 4000mAh အထိ ပါဝင်လာနိုင်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကတော့ Redmi စီးရီးတွေကို ပေးရတဲ့ စျေးနဲ့တန်တဲ့ စမတ်ဖုန်းအမျိူးအစားတွေဖြစ်အောင် အလေးပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

Ref : Gadgets.ndtv