Xiaomi ဟာ အခုအချိန်အထိ ထွက်ရှိထားပြီးဖြစ်တဲ့ စမတ်ဖုန်းတွေအကုန်လုံးနီးပါးကို MIUI 12 Update ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း ထွက်ရှိတာ ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ Budget ဖုန်းတစ်လုံးအတွက်ပါ MIUI 12 Update ကို ထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ Budget ဖုန်းကတော့ Redmi 7A ပဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထွက်ရှိတဲ့အချိန်တုန်းက ရောင်းအားကောင်းခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 နဲ့ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း Android 10 ကို အခြေခံထားတဲ့ MIUI 11 Update ကိုလည်း ရရှိခဲ့ပါသေးတယ်။

အခု MIUI 12 Update ကို ရရှိလာတယ်ဆိုပေမယ့်လည်း Android Version အနေနဲ့ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ Android 10 ကိုပဲ ဆက်လက်အခြေခံထားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာပဲ စတင်ထုတ်ပေးနေတာဖြစ်တဲ့အတွက် တခြားသော Region အနေနဲ့ကတော့ ဆက်လက်စောင့်ဆိုင်းရဦးမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi 7A China Version ကို အသုံးပြုနေတယ်ဆိုရင် MIUI 12 Update ဖြစ်တဲ့ Build Number V12.0.2.0.QCMCNXM ကို Download ရယူပြီး Update ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ လောလောဆယ်မှာ Stable Beta အဆင့်မှာပဲရှိနေသေးတဲ့အတွက် Device တိုင်းမှာ Update ရရှိဖို့အတွက် အချိန်အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Xiaomi ဟာ Redmi 7 နဲ့ Redmi Y3 လိုမျိုး စမတ်ဖုန်းတွေအတွက် MIUI 12 Update ကို Performance Issue တွေရှိနေတဲ့အတွက် ဖျက်သိမ်းခဲ့ပြီး ဒီလိုမျိုး စွမ်းဆောင်ရည်ပိုနိမ့်တဲ့ Redmi 7A ဖုန်းကို MIUI 12 Update ထုတ်ပေးတာက ထူးဆန်းတယ်လို့ ပြောရမှာပါ။

Ref – Gizmo China