[Zawgyi]
Ref : gsmarena
[Unicode]
Redmi 7A ကို ဥရောပမှာ ယူရို ၁၀၀ နဲ့ ရောင်းချမည်
Xiaomi က Redmi 7A ကို နှစ်ကြိမ်တောင် ကြေညာခဲ့ပါတယ်။ ပထမ သူ့ရဲ့ Specs များကို မိတ်ဆက်ခဲ့ပါတယ်။ နောက်တစ်ကြိမ်မှာ သူ့ကို ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို ပြောခဲ့ပါတယ်။ သူ့ကို အစောပိုင်းမှာ တရုတ်မှာသာ ရောင်းချပေးထားပါတယ်။ အခုတော့ ဥရောပမှ အရောင်းဆိုင်များ ဖြစ်တဲ့ Czechia နဲ့ Slovakia တို့မှာ သူ့ကို ရောင်းဖို့ စာရင်းတင်ထားပါတယ်။
Redmi 7A ဟာ Redmi 7 Series ထဲမှာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ သူ့မှာ ၅.၄၅ လက်မ HD+ 18:9 Display ထည့်သွင်းထားပါတယ်။ သူ့မှာ Snapdragon 439 Chipset ထည့်သွင်းထားပါတယ်။ 16GB or 32GB Storage များ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ တစ်လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်ရဲ့ မျက်နှာပြင် အထက်မှ ဘောင်မှာ ကင်မရာ တစ်လုံး ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာက 13MP ဖြစ်ပြီး PDAF နဲ့ AI Scene Detection များ ပါပါတယ်။ အရှေ့ ကင်မရာက 5MP ဖြစ်ပြီး Face Unlock နဲ့ Beautify များ ပါပါတယ်။  Notch မပါဘဲ သာမာန် စမတ်ဖုန်း ဒီဇိုင်း ဖြစ်ပါတယ်။
လက်ဗွေရာ အာရုံခံ ကိရိယာလည်း မပါပါဘူး။ သူ့ရဲ့ အကောင်းဆုံး အစိတ်အပိုင်းက ဘက်ထရီ ဖြစ်ပြီး 4000mAh Battery ထည့်သွင်းထားပါတယ်။ ရေစက်ရေပေါက်များကို ခံနိုင်အောင် တည်ဆောက်ထားပါတယ်။ Android 9.0 Pie အခြေပြု MIUI 10 မောင်းနှင်ထားပါတယ်။  ယူရို ၁၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ပါတယ်။ ဥရောပမှာ ရောင်းချမယ့် နေ့ကို တရားဝင် မပြောသေးပါဘူး။ ဒါပေမယ့် ဇူလိုင်လမှာ ရောင်းချနိုင်ပါတယ်။
Ref : gsmarena