Zawgyi






Ref – GSM Arena

Unicode

Xiaomi ရဲ့ Redmi 7A ဖုန်းက လက်ရှိဝယ်ယူနိုင်တဲ့ Budget Level စမတ်ဖုန်းတွေထဲမှာ တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Redmi 7A အသုံးပြုနေတဲ့သူတွေအတွက် ဝမ်းသာစရာ Features တွေကို Update လုပ်ပေးခဲ့ပါတယ်။

ဒါကတော့ Redmi 7A ဖုန်းမှာ ဓါတ်ပုံရိုက်ကူးမယ်ဆိုရင် Portrait ဓါတ်ပုံတွေကို စတင်ရိုက်ကူးနိုင်တဲ့ Portrait Mode နဲ့ AI Scene Detection Feature တွေပါဝင်တဲ့ MIUI 10.2.7.0 Update ကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ အခု MIUI Update နဲ့အတူ July Security Patch ပါ ပါဝင်လာမှာပါ။

Portrait Mode ဟာ လက်ရှိစမတ်ဖုန်းအသုံးပြုသူတွေအတွက် လူကြိုက်များတဲ့ Feature တစ်ခုဖြစ်သလို Redmi 7A လိုမျိုး Budget ဖုန်းတွေမှာ ပါဝင်တာရှားပါးနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi ကနေ Portrait Mode ကို 5MP Selfie Camera အပြင် 12MP Back Camera နဲ့ပါ ရိုက်ကူးနိုင်အောင် အခု Update မှာ ထည့်သွင်းပေးခဲ့တာပါ။

နောက်ပြီး AI Scene Detection ကလည်း ရိုက်ကူးတဲ့အခြေအနေပေါ်မှုတည်ပြီးတော့ Categories ၃၃ ခုကို ခွဲခြား သိနိုင်မှာဖြစ်တဲ့အပြင် India နိုင်ငံအတွက်လည်း Specific Mode ၆ မျိုးပါဝင်ဦးမှာဖြစ်တယ်လို့သိရပါတယ်။

Xiaomi ရဲ့ ပြောကြားချက်အရ အခု MIUI Update ဟာ Bug Fixes တွေလည်း ပြုလုပ်ထားခဲ့သလို Update ကိုလည်း Device တိုင်းမှာ အနှေးနဲ့အမြန် Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Budget ဖုန်းတစ်ခုမှာ Portrait Mode ပါဝင်လာတာက Redmi 7A ကို အသုံးပြုနေတဲ့သူပဲဖြစ်ဖြစ်၊ ဝယ်ဖို့စိတ်ကူးနေတဲ့သူပဲဖြစ်ဖြစ် ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်လာတယ်လို့တောင် ပြောလို့ရပါတယ်။

Ref – GSM Arena