Zawgyi

ဒီေန႔မွာေတာ့ ေမာ္ဒယ္နံပါတ္ M1901F9T အမည္ရွိ Xiaomi စမတ္ဖုန္း တစ္လုံးဟာ TENAA ကေနတစ္ဆင့္ Specifications တခ်ိဴ႕နဲ႔အတူ ေပၚထြက္လာခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းရဲ႕ နာမည္ကို တိတိက်က်မသိရေသးေပမယ့္ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ Redmi 7 စီးရီးထဲက Redmi 7 Pro ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Redmi 7 Pro ဟာ Notch Display ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းျဖစ္လာႏိုင္ၿပီး Redmi 6 Pro ရဲ႕ ဒီဇိုင္းနဲ႔ ဆင္တူတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း Redmi 7 Pro မွာ Redmi 6 Pro ထက္ ပိုမိုေသးငယ္တဲ့ Waterdrop Notch Display ကို အသုံးျပဳထားႏိုင္ပါတယ္။ ၅.၈၄လက္မ LCD Display ကို အသုံးျပဳထားႏိုင္ၿပီး Screen Resolution က FHD+ ရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏကေတာ့ 2900mAh ပါဝင္ႏိုင္ပါတယ္။ ေနာက္ေက်ာဘက္မွာ Dual Camera Setup ကို တပ္ဆင္ထားတာ ေတြ႕ရၿပီး Artificial Intelligence (A.I.) အေထာက္အပံ့မ်ားလည္း ပါဝင္လာႏိုင္ပါတယ္။

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ သတင္းေတြအရဆိုရင္ Xiaomi ဟာ 48MP Camera Sensor ကိုတပ္ဆင္ထားတဲ့ Redmi ဖုန္းတစ္လုံးကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အဆိုပါ 48MP Camera Sensor ကို Dual Camera Setup ေတြမွာ မဟုတ္ဘဲ Triple Camera Setup မွာ တပ္ဆင္ထားတယ္လို႔လည္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ ဒါ့ေၾကာင့္ Xiaomi အေနနဲ႔ Redmi 7 စီးရီးအျပင္ တျခားေသာ Redmi စမတ္ဖုန္းကိုလည္း မိတ္ဆက္လာႏိုင္ပါတယ္။ ေကာလဟလ သတင္းေတြအရဆိုရင္ေတာ့ အဆိုပါ Redmi စမတ္ဖုန္းမွာ Snapdragon 675 SoC ကို အသုံးျပဳထားၿပီး Punch-Hole Display Design ( Selfie Camera အတြက္ Display ကို အေပါက္ေဖာက္ၿပီး ထည့္သြင္းတပ္ဆင္ထားေသာ ဒီဇိုင္း) ကို အသုံးျပဳထားႏိုင္တယ္လို႔ သိရပါတယ္။

Ref : gizmochina

Unicode

Redmi 7 Pro လို့ ယူဆရတဲ့ ဖုန်းတစ်လုံး TENAA မှာ ထွက်ပေါ်

ဒီနေ့မှာတော့ မော်ဒယ်နံပါတ် M1901F9T အမည်ရှိ Xiaomi စမတ်ဖုန်း တစ်လုံးဟာ TENAA ကနေတစ်ဆင့် Specifications တချိူ့နဲ့အတူ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းရဲ့ နာမည်ကို တိတိကျကျမသိရသေးပေမယ့် ကျွမ်းကျင်ပညာရှင်များကတော့ Redmi 7 စီးရီးထဲက Redmi 7 Pro ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Redmi 7 Pro ဟာ Notch Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်လာနိုင်ပြီး Redmi 6 Pro ရဲ့ ဒီဇိုင်းနဲ့ ဆင်တူတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Redmi 7 Pro မှာ Redmi 6 Pro ထက် ပိုမိုသေးငယ်တဲ့ Waterdrop Notch Display ကို အသုံးပြုထားနိုင်ပါတယ်။ ၅.၈၄လက်မ LCD Display ကို အသုံးပြုထားနိုင်ပြီး Screen Resolution က FHD+ ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏကတော့ 2900mAh ပါဝင်နိုင်ပါတယ်။ နောက်ကျောဘက်မှာ Dual Camera Setup ကို တပ်ဆင်ထားတာ တွေ့ရပြီး Artificial Intelligence (A.I.) အထောက်အပံ့များလည်း ပါဝင်လာနိုင်ပါတယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ သတင်းတွေအရဆိုရင် Xiaomi ဟာ 48MP Camera Sensor ကိုတပ်ဆင်ထားတဲ့ Redmi ဖုန်းတစ်လုံးကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါ 48MP Camera Sensor ကို Dual Camera Setup တွေမှာ မဟုတ်ဘဲ Triple Camera Setup မှာ တပ်ဆင်ထားတယ်လို့လည်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့ကြောင့် Xiaomi အနေနဲ့ Redmi 7 စီးရီးအပြင် တခြားသော Redmi စမတ်ဖုန်းကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။ ကောလဟလ သတင်းတွေအရဆိုရင်တော့ အဆိုပါ Redmi စမတ်ဖုန်းမှာ Snapdragon 675 SoC ကို အသုံးပြုထားပြီး Punch-hole Display Design ( Selfie Camera အတွက် Display ကို အပေါက်ဖောက်ပြီး ထည့်သွင်းတပ်ဆင်ထားသော ဒီဇိုင်း) ကို အသုံးပြုထားနိုင်တယ်လို့ သိရပါတယ်။

Ref : gizmochina