Xiaomi ဟာ MIUI 12 Update အသစ်ကို ဖြန့်ချိပေးဖို့ အလုပ်များနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ဖုန်းအဟောင်းတချို့အတွက် Android 10 Update ပေးဖို့ ကြိုးစားနေပါတယ်။ အခုနောက်ဆုံး Android 10 Update ရသွားတဲ့ ဖုန်းကတော့ Redmi 8 ဖြစ်ပြီး အဲဒီ ဖုန်းကို အရင်နှစ် အောက်တိုဘာလက စရောင်းချိန်မှာ Android 9 Pie ထည့်ပေးထားတာပါ။

Redmi 8 ရဲ့ Android 10 Update ဟာ MIUI 12 မဟုတ်သေးဘဲ MIUI 11 ပဲ ရှိပါသေးတယ်။ Update Version Number ဟာ 11.0.1.0 QCNCNXM ဖြစ်ပြီး Android Version မြင့်သွားတဲ့ အပြင် ၂၀၂၀ ခုနှစ် ဇွန်လအတွက် Security Patch ပါလာပါတယ်။ ဒါ့အပြင် Bug တွေကို ပြင်ဆင်ထားပြီး စွမ်းဆောင်ရည်လည်း တိုးတက်လာပါတယ်။

အဲဒီ Update ကို လက်ရှိမှာ တရုတ်မှာပဲ ဖြန့်ချိပေးထားပေမယ့် MIUI 12  ဖြန့်ချိပြီးနောက် မကြာခင်မှာ အဲဒီ Update ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးမယ်လို့ ထင်ရပါတယ်။

Ref : gsmarena