[Zawgyi]

Xiaomi က ၿပီးခဲ့တဲ့ ၁ ပတ္ေလာက္ကပဲ Redmi 8A ကို ခ်ျပခဲ့ပါတယ္။ Xiaomi က ဒါနဲ႔တင္ မေက်နပ္ေသးပါဘူး။ ေနာက္ထပ္ Redmi Series Smartphone အသစ္ ၁ လံုးကို ဒီလ ၉ ရက္ေန႔မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Redmi 8 ျဖစ္ၿပီး ကုမၸဏီက ဒီသတင္းကို တြစ္တာကေန အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ အဲဒီ ဖုန္းရဲ႕ Specs ေတြကိုေတာ့ အရိပ္အျမြက္ သတင္းေပးထားျခင္း မရွိေသးပါဘူး။ Redmi 8 ကို အိႏၵိယမွာ အေစာဆံုး ၀ယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

အဲဒီဖုန္းကို TENAA မွာ မွတ္ပံုတင္ထားၿပီ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ China Telecom ရဲ႕ ၀က္ဘ္ဆိုက္မွာ ထြက္ေပၚလာပါတယ္။  China Telecom မွာ အဲဒီ ဖုန္းရဲ႕ ဓါတ္ပံုေတြကို တင္ထားပါတယ္။ TENAA မွာလည္း အျပာေရာင္ ေမာ္ဒယ္ရဲ႕ ဓါတ္ပံုကို ျမင္ၿပီးပါၿပီ။ အရင္ကလည္း Hands-on Photos ေတြ အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။

China Telecom မွာ ေဖာ္ျပထားတဲ့ သတင္းအခ်က္အလက္ေတြအရ Redmi 8 မွာ ၆.၂၁ လက္မ 720p+ Display ထည့္သြင္းထားၿပီး ပလတ္စတစ္ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားပါတယ္။ ကင္မရာေတြ ပိုေကာင္းလာၿပီး 12MP Main နဲ႔ 2MP Depth Sensor ေတြထည့္ထားမွာပါ။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။ အရြယ္ႀကီး 5,000mAh Battery ပါလာတဲ့ အတြက္ ဘက္ထရီ သက္တမ္းက ရွယ္လန္းမွာပါ။ အားအျမန္သြင္းေပးႏုိင္တဲ့ USB-C Port နဲ႔ 3.5mm Headphone Jack ပါလာမွာပါ။

အနီ၊ အစိမ္း၊ အျပာနဲ႔ အနက္ေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ Chipset က Redmi 8A မွာလို Snapdragon 439 ျဖစ္ႏုိင္ပါတယ္။ 4GB RAM နဲ႔ 64GB Storage ေတြ ပါလာမွာျဖစ္ၿပီး Redmi 8A ထက္ ၂ ဆ ပိုမ်ားလာမွာပါ။ Redmi 8 ဟာ Xiaomi ရဲ႕ ေစ်းအခ်ိဳဆံုး ဖုန္းေတြထဲက ၁ လံုး ျဖစ္ၿပီး ျမန္မာေငြ ၁ သိန္း၀န္းက်င္ေလာက္ပဲ ရွိႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

ဒီလ ၉ ရက်နေ့မှာ ကြေညာတော့မယ့် Redmi 8

Xiaomi က ပြီးခဲ့တဲ့ ၁ ပတ်လောက်ကပဲ Redmi 8A ကို ချပြခဲ့ပါတယ်။ Xiaomi က ဒါနဲ့တင် မကျေနပ်သေးပါဘူး။ နောက်ထပ် Redmi Series Smartphone အသစ် ၁ လုံးကို ဒီလ ၉ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Redmi 8 ဖြစ်ပြီး ကုမ္ပဏီက ဒီသတင်းကို တွစ်တာကနေ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းရဲ့ Specs တွေကိုတော့ အရိပ်အမြွက် သတင်းပေးထားခြင်း မရှိသေးပါဘူး။ Redmi 8 ကို အိန္ဒိယမှာ အစောဆုံး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အဲဒီဖုန်းကို TENAA မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ China Telecom ရဲ့ ဝက်ဘ်ဆိုက်မှာ ထွက်ပေါ်လာပါတယ်။ China Telecom မှာ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေကို တင်ထားပါတယ်။ TENAA မှာလည်း အပြာရောင် မော်ဒယ်ရဲ့ ဓါတ်ပုံကို မြင်ပြီးပါပြီ။ အရင်ကလည်း Hands-on Photos တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

China Telecom မှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေအရ Redmi 8 မှာ ၆.၂၁ လက်မ 720p+ Display ထည့်သွင်းထားပြီး ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ ကင်မရာတွေ ပိုကောင်းလာပြီး 12MP Main နဲ့ 2MP Depth Sensor တွေထည့်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အရွယ်ကြီး 5,000mAh Battery ပါလာတဲ့ အတွက် ဘက်ထရီ သက်တမ်းက ရှယ်လန်းမှာပါ။ အားအမြန်သွင်းပေးနိုင်တဲ့ USB-C Port နဲ့ 3.5mm Headphone Jack ပါလာမှာပါ။

အနီ၊ အစိမ်း၊ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ Chipset က Redmi 8A မှာလို Snapdragon 439 ဖြစ်နိုင်ပါတယ်။ 4GB RAM နဲ့ 64GB Storage တွေ ပါလာမှာဖြစ်ပြီး Redmi 8A ထက် ၂ ဆ ပိုများလာမှာပါ။ Redmi 8 ဟာ Xiaomi ရဲ့ ဈေးအချိုဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပြီး မြန်မာငွေ ၁ သိန်းဝန်းကျင်လောက်ပဲ ရှိနိုင်ပါတယ်။

Ref : gsmarena